DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများ နေရင်းနိုင်ငံပြန်စရာမလိုဘဲ အမ်အိုယူကတ်လုပ်နိုင်မည်
DVB
·
July 9, 2019
ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများ နေရင်းနိုင်ငံပြန်စရာမလိုဘဲ အမ်အိုယူကတ်လုပ်နိုင်မည်
Donate to DVB

အလုပ်သမားကတ်သက်တမ်းကုန်တော့မယ့် ထိုင်းရောက် ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ အမ်အိုယူလုပ်သားစနစ်ပြန်ပြောင်းရမှာဖြစ်ပြီး အဲလို ပြောင်းရာမှာ နေရင်းနိုင်ငံကို ပြန်စရာမလိုဘဲ ထိုင်းနိုင်ငံမှာပဲ လုပ်ဆောင်နိုင်အောင် စီစဉ်ပေးသွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။

မနေ့ကကျင်းပသွားတဲ့ ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာန ယာယီအလုပ်သမားဝန်ကြီး ဗိုလ်ချုပ်ကြီး ပရ၀စ်ဝုန်ဆုဝမ်းက  ပြောသွားတာဖြစ်ပါတယ်။ 

၂၀၁၉ စက်တင်ဘာလ ၃၀ ရက်၊ နိုဝင်ဘာလ ၁ ရက်နဲ့ ၂၀၂၀ မတ်လ ၃၁ ရက်နေ့တွေမှာ အလုပ်သမားမှတ်ပုံတင် သက်တမ်းကုန်ဆုံးမယ့် မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက အလုပ်သမားတွေဟာ အမ်အိုယူအလုပ်သမားအဖြစ် ပြန်ပြောင်းရမှာ ဖြစ်ပါတယ်။

အဲဒီလို ပြောင်းလဲရာမှာ မိမိနိုင်ငံပြန်စရာမလိုဘဲ ထိုင်းနိုင်ငံထဲကနေ လုပ်ဆောင် နိုင် အောင်စီစဉ်ပေးသွားမှာဖြစ်သလို အမ်အိုယူလက်မှတ်လုပ်ပြီးရင်  ထိုင်းနိုင်ငံထဲမှာ ၂၀၂၂ မတ်လ ၃၁ ရက်အထိ ၂ နှစ် နေထိုင်ခွင့်သက်တမ်းတိုးပေးသွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ယာယီအလုပ်သမားဝန်ကြီးက အစည်အဝေးမှာ ပြောပါတယ်။ 

အဆိုပါ ဆုံးဖြတ်ချက်တွေကို ထိုင်းဝန်ကြီးတွေထံ တင်ပြသွားမှာဖြစ်ပြီး အစိုးရအဖွဲ့က အတည်ပြုပြီးရင် ၁၅ ရက်အတွင်း One Stop Severive Center လို့ခေါ်တဲ့ ရွှေ့ပြောင်း အလုပ်သမားစင်တာတွေ ဖွင့်လှစ်ပေးသွားမယ်လို့ဆိုပါတယ်။

စင်တာတွေကို လာမယ့် သြဂုတ်လ ၁၅ ရက်မှ ၂၀၂၀ မတ်လ ၃၁ ရက်အထိ ဖွင့်လှစ်သွားနိုင်မယ်လို့ မျှော်လင့်ပြီး ဘန်ကောက်စင်တာကို အလုပ်သမားညွှန်ကြားရေးမှူးချုပ်က စီမံကာ ကျန်တဲ့ ခရိုင်အားလုံးရှိစင်တာတွေကိုတော့ သက်ဆိုင်ရာ ခရိုင်ဝန်အသီးသီးက စီမံသွားဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ 

အလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာ လ၀ကရုံးမှာ ရက်ပေါင်း ၉၀ ကြိုတင်ပြီး ဗီဇာသက်တမ်းတိုးထားဖို့လည်း ယာယီဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။ 

ဒီလုပ်ငန်းစဉ်မှာ လာရောက်ဆောင်ရွက်ရမယ့် မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၂၀၅၆၄၆၇ ဦးရှိကြောင်း၊ ၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ စာအုပ်သက်တမ်းကုန်မယ့် အလုပ်သမား ၅၈၇၅၃၃ ဦးနဲ့ နိုင်ငံသားစိစစ်ပြီးတဲ့ အုပ်စုက  ၅၇၅၄၉၃ ဦးရှိပါတယ်။

ဒါ့အပြင်ပုဒ်မ ၈၃ အရ လုပ်ကိုင်ခွင့်ပြုထားတဲ့ ရေလုပ်သား ၁၂၀၄၀ ဦး၊ ၂၀၂၀ မတ်လ ၃၁ အလုပ်လုပ် ခွင့်သက်တမ်းကုန်သူ ၁၄၆၈၉၃၄ ဦး၊ နိုင်ငံသားစိစစ်ထားသူ ၂၈၁၇၇ ဦး၊ ကိုယ်ရေးရာဇ၀င် စစစ်ပြင်ဆင်သူ ၁၁၈၇၁၅၇ ဦးရှိတယ်လို့  ထိုင်းအလုပ်သမားဝန်ကြီး ဌာန ၀က်ပ်ဆိုက်မှာ ဖော်ပြပါတယ်။  

ကိုးကား-Doe/Prachachat

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013