DVB Logo
Home
မေးမြန်းခန်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ကြေးနီစီမံကိန်းဒေသခံများ တွေ့မည်
DVB
·
November 28, 2012
ဒေါ်အောင်ဆန်းစုကြည်နှင့် ကြေးနီစီမံကိန်းဒေသခံများ တွေ့မည်
Donate to DVB

နိုဝင်ဘာ ၂၉ ရက်နေ့ ကျရင် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်း မုံရွာခရိုင်ထဲက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေ ကို တွေ့ဆုံမှာ ဖြစ်ပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစစ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်း အနိုင်ရခဲ့တဲ့ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ဟာ မုံရွာမြို့မှာ လက်ရှိရောက်ရှိနေပါတယ်။ ဒေါ်ခင်စန်းလှိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။



[caption id="attachment_33633" align="alignleft" width="300" caption="ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်နဲ့ မုံရွာဒေသခံများ"][/caption]

မနေ့ညက ၈ နာရီသတင်းမှာ ကြေညာသွားတယ်။ သန်းခေါင်ယံအချိန်နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့။ နောက်ဆုံးအခြေအနေနဲ့ ဒေါ်ခင်စန်းလှိုင်တို့ ပါဝင်ပတ်သက်မှုတွေ ဘယ်လိုရှိလဲ။ ဘာတွေသိရလဲ။

“ကျမတို့ ပါဝင်ပတ်သက်မှုမရှိပါဘူး။ အဲ့ကိစ္စဖြစ်နေတာက ချင်းတွင်းမြစ်ရဲ့ အနောက်ဘက်ကမ်းမှာ၊ ကျမက ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း မုံရွာမှာရှိနေပါတယ်။ သို့သော်လည်း ဒီကိစ္စတွေ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ကျမတို့ဆီ သတင်းပို့တဲ့အတွက် ကျမတို့ ဒါတွေကို သတင်းအနေနဲ့ သိရပါတယ်။ ကျမတို့ မြင်တွေ့ရတာမရှိပါဘူး။”

မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲရှိတယ်လို့ သိရတယ်။ ပြင်ဆင်မှုအခြေအနေရော။

“ကျမတို့ ခေါင်းဆောင်လာမယ့် ဒီခရီးမှာတော့ အားလုံးပြင်ဆင်ပြီးသားပါ။ မုံရွာမြို့မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေရော၊ မုံရွာမြို့ပြည်သူတွေကရော အားလုံး ၀မ်းပန်းတသာ စောင့်ကြိုနေတာပါ။ ဘာပြဿနာမှ မရှိပါဘူး။ နေရာလည်း ရွေးပြီးပြီ၊ စင်မြင့်လည်းစောင့်နေပြီ၊ အလံတွေလည်းထောင်ပြီး ကြိုဆိုဖို့ ဆိုင်းဘုတ်တွေနဲ့ တမြို့လုံး လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ လှုပ်ရှားနေပါပြီ။”

ဒေါ်အောင်ဆန်းစုကြည်လာမှာက ဟိုဘက်သွားမှာလား။ မုံရွာဘက်မှာပဲနေမှာလား။

“ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နဲ့ ပတ်သက်လို့ ပြောပြီးသားပါ။ ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်လို့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို တွေ့ဆုံအားပေးဖို့ရာနဲ့ ပြည်သူ့အသံကို နားထောင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌအနေနဲ့ရော တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်းတည်ငြိမ်ရေး ကော်မတီ ဥက္ကဋ္ဌအနေနဲ့ လာတာပါ။ ဒါကြောင့် လက်ပန်းတောင်းတောင်ခြေကိုလည်း သွားပြီး ဟောပြောပွဲတခုလုပ်ပါမယ်။ မုံရွာမြို့ခံလူများအတွက်လည်း မုံရွာမှာ ဟောပြောပွဲ တပွဲလုပ်ပါမယ်။ ”

ဒ်ါခင်စန်းလှိုင်က လွှတ်တော်မှာ လက်ပန်းတောင်းတောင် စီမံကိန်းကိစ္စ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ဖို့ အဆိုတင်ထားတာရှိတယ်။ မနေ့က ပြည်ထဲရေးဝန်ကြီးဌာနကပြောတာမှာ စီမံကိန်းတွေ ကော်မရှင်ဖွဲ့စစ်ဆေးဖို့ ဆိုရင်၊ စီမံကိန်းတွေက နိုဝင်ဘာ ၁၈ ရက်ကတည်းက ရပ်နေတယ်၊ စီမံကိန်းတွေလည်ပတ်မှသာ ကော်မရှင်စစ်ဆေးလို့ ရမယ်ဆိုပြီး ဆန္ဒပြ သပိတ်စခန်းကလူတွေကို ဖယ်ခိုင်းနေတယ်။ အဲတော့ ဒါနဲ့ပတ်သက်ပြီး ဒေါ်ခင်စန်းလှိုင် အမြင်ဘယ်လိုရှိပါလဲ။ သုံးသပ်တင်ပြပေးပါ။

“ကျမတို့ တင်လိုက်တဲ့အဆိုက ရှင်းရှင်းလေးပါ။ ကျမတို့က ပြည်သူလူထု လေးစားယုံကြည်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ကော်မရှင်တရပ်ဖွဲ့စည်းပေးပါ။ ကော်မရှင်ကနေ ပြည်သူလူထုကြားထဲကို ပွင့်လင်းမြင်သာချပြပြီးတော့ ဒါလုပ်သင့် မလုပ်သင့်ကို စစ်ပေးပါဆိုပြီး တောင်းဆိုခဲ့တာပါ။ အခု ဆောင်ရွက်နေတဲ့ သပိတ်စခန်းတွေရပ်မှ၊ စီမံကိန်းလည်ပတ်မှ ကော်မရှင်ဖွဲ့ရမယ်ဆိုတာကတော့ နိုင်ငံတော်ရဲ့ သဘောထားပါ။ ကျမတို့ သဘောထားမဟုတ်ဘူး။ ကျမတို့က ရပ်ပေးဖို့လည်း မတောင်းဆိုဘူး။ ကျမတို့ ဖြစ်စေချင်တာက နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး သပိတ်စခန်းကလည်း ရပ်မယ်၊ စီမံကိန်းလည်း ရပ်မယ်၊ ရပ်နေတဲ့ ကြားထဲမှာ ကော်မရှင်ဖွဲ့မယ်. စုံစမ်း စစ်ဆေးဖော်ထုတ်မယ်။ ပြည်သူ့အသံကို မြင်သာထင်သာဖြစ်အောင် ချပြမယ် ဆိုပြီး ဒါက အရှင်းဆုံးနည်းလမ်းနဲ့ ပြည်သူလက်ခံနိုင်တဲ့ နည်းလမ်းတွေပါပဲ။ အရှင်းဆုံးနဲ့ ပြည်သူလက်ခံနိုင်မယ့် နည်းလမ်းကို မသွားဘူးဆိုရင်တော့ဖြင့်. ဒါက မသွားဘူး သွားမယ်ဆိုတာက ဒီကနေ့ နိုင်ငံတော်က ကြေညာချက်ထုတ်ပြန်တဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ အပိုင်းပါ။ ဒီအပေါ်မှာ မှားတယ်၊ မှန်တယ်။ ကောင်းတယ်၊ ဆိုးတယ် ဘာမှမပြောလိုပါဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013