DVB Logo
Home
မြန်မာသတင်း
မြစ်ရေကြီးနေသဖြင့် ဘီးလင်းမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၄ ခု ဖွင့်လှစ်
DVB
·
July 9, 2019
မြစ်ရေကြီးနေသဖြင့် ဘီးလင်းမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၄ ခု ဖွင့်လှစ်
1 / 3
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ မြစ်ရေကြီးနေတာကြောင့် ဒီကနေ့မှာပဲ ကယ်ဆယ်ရေးစခန်း ၄ ခု ဖွင့်ထားရပြီး လူပေါင်း ၁၀၀ ကျော် ရေးဘေးဒုက္ခခံစားနေကြရပါတယ်။

မြစ်ရေဟာ မနေ့ကထက်စာရင် ဒီနေ့မှာ ရေတက်နှုန်းပိုမြန်လာပြီး ဒီမနက် ၁၁ နာရီခွဲ အချိန်မှာတော့ စိုးရိမ်ရေမှတ်ရောက်ဖို့ ၄၇ စင်တီမီတာ (၁၈ လက်မကျော်)ပဲ လိုတော့တာပါ။

ဘီးလင်းက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက “ရေကတော့ မနေ့ကတည်းက ဆက်တိုက်တက်နေတာ။ ဒီနေ့ပဲ ကယ်ဆယ်ရေးစခန်း ၄ ခု ဖွင့်တယ်။ ၃ ခု မှာတော့ လူဝင်နေပြီ။ ရေကြီးရင် ပုံမှန်မြုပ်တဲ့နေရာတွေပေါ့။ ဒီမနက် စာရင်းအရတော့ လူဦးရေ ၁၀၄ ယောက်ရှိပါတယ်” လို့ ပြောပါတယ်။

ရေကြီးတာနဲ့ပတ်သက်လို့ ဘီးလင်းမြို့ထဲမှာ လှည့်လည် သတိပေးကြေညာနေတယ် လို့လည်း  ပြောပါတယ်။

ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေအမှတ်မှာ ၁၀၂၂ စင်တီမီတာ ဖြစ်ပြီး ဒီမနက် ၁၁ နာရီခွဲအချိန်မှာ ၉၇၅ စင်တီမီတာရှိတယ်လို့ ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံးက ကြေညာထားပါတယ်။ မြစ်ရေဟာ မနေ့မနက်ပိုင်းက ၇၉၀ စင်တီမီတာရှိပြီး ညနေပိုင်းမှာတော့ ၈၃၈ စင်တီမီတာထိ မြင့်တက်လာတာပါ။

မြစ်ရေတက်လို့ ဘီးလင်းမြစ်ဘေးက ခဲမောက်(မူလွန်) ကျောင်းနဲ့ ဒုံသမိမြစ်ဘေးက ကြိုးဝိုင်း၊ ကမ်းနားက မူလတန်းကျောင်း ၂ ကျောင်း ဒီနေ့ ပိတ်ထားပြီး ရန်ကုန် မော်လမြိုင် လမ်းမကြီး ဘီးလင်းလမ်းပိုင်းကတော့ ကားတွေ သွားနိုင်တယ်လို့ ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံးက ကြေညာထားပါတယ်။

ဓာတ်ပုံ - ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013