DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံတွင် အဖမ်းအဆီးများနေသဖြင့် မြန်မာလုပ်သား အများအပြား နေရပ်ပြန်
DVB
·
July 9, 2019
တရုတ်နိုင်ငံတွင် အဖမ်းအဆီးများနေသဖြင့် မြန်မာလုပ်သား အများအပြား နေရပ်ပြန်
1 / 3
Donate to DVB

တရုတ်နိုင်ငံမှာ အဖမ်းအဆီးတွေ များနေတာကြောင့် မြန်မာနယ်စပ် မူဆယ်ကနေ တရုတ်နိုင်ငံဘက်ကို သွားရောက်အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေဟာ ဒီလပိုင်းမှာ  အမြောက်အမြား နေရပ်ပြန်လည် ဝင်ရောက်လာနေကြပါတယ်။

မကြာသေးခင်က တရုတ်ရဲနဲ့ မြန်မာလုပ်သားတွေကြား ပြဿနာဖြစ်ပြီး ရိုက်နှက်မှုတွေ ဖြစ်ပြီးတဲ့နောက် အစစ်အဆေးနဲ့ ဖမ်းဆီးမှုတွေ ပိုများလာတာမို့ မြန်မာလုပ်သားတွေ နေ့စဉ် ရာနဲ့ချီ ပြန်ဝင်လာနေကြတယ်လို့ မူဆယ်မြို့ ကရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ဟိုဘက်မှာ အဖမ်းအဆီးက တအားများတယ်တဲ့။ ဘာလို့ဖမ်းတာလဲဆိုတော့ ပြဿနာတွေ ဖြစ်ကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားတွေက တရုတ်ရဲကိုလည်း ပြန်ရိုက်တယ်။ တရုတ်ရဲတွေလည်း အသေအပျောက်ရှိတယ် ပြောတယ်။ ပြဿနာဖြစ်တဲ့ နေ့စွဲတော့ သေချာမသိဘူး။ အဲဒါကြောင့် ဗမာပြည်ကသွားတဲ့ အလုပ်သမားတွေကို အကုန်ပိတ်ပြီးတော့ ဖမ်းတယ်ပေါ့နော်။ စက်ရုံတွေမှာလည်း ဖမ်းတယ်။ ညဆိုလည်း လမ်းပေါ်မှာတွေ့ရင် လမ်းပေါ်မှာဖမ်းတယ်။ တချို့အလုပ်ရှင်က မကောင်းဘူး၊ လုပ်အားခမပေးဘူး။ သူတို့ အဲဒီမှာ အဆင်မပြေကြဘူး။ အဲဒါကြောင့် ပြန်လာကြတာ” လို့ ပြောပါတယ်။

အလုပ်သမားတွေ ပြန်လာကြတဲ့သတင်းကို ကြားတာ အရင်အပတ်ကတည်းကဖြစ်ပြီး  ပြန်လာတဲ့ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံအကြားမှာ တရားဝင် အလုပ်သမားငှားရမ်းမှု အမ်အိုယူစာချုပ် လက်မှတ်ရေးထိုးထားခြင်း မရှိတာကြောင့် တရုတ်ဘက်ကို အလုပ်သွားလုပ်သူတွေဟာ တရားမဝင် အနေနဲ့သာ သွားရောက်လုပ်ကိုင်နေကြရတာပါ။

တရုတ်နိုင်ငံမှာ စိုက်ပျိုးရေးအလုပ်သမားတွေ၊ အလုပ်ကြမ်းသမားတွေ လိုအပ်နေတာမို့ နှစ်နိုင်ငံ သဘောတူညီချက် လုပ်မယ်ဆိုရင် မြန်မာအလုပ်သမားတွေအတွက် အာမခံချက် တစုံတရာ ရလာနိုင်တယ်လို့ မူဆယ်မြို့ ကရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌက သုံးသပ်ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013