DVB Logo
Home
မြန်မာသတင်း
ဗစ်တိုးရီးယားအမှု အမှားအမှန် တရားသူကြီးက စဉ်းစားဆုံးဖြတ်လိမ့်မည်ဟု ရဲမှူးချုပ်ဟောင်းပြော
DVB
·
July 8, 2019
ဗစ်တိုးရီးယားအမှု အမှားအမှန် တရားသူကြီးက စဉ်းစားဆုံးဖြတ်လိမ့်မည်ဟု ရဲမှူးချုပ်ဟောင်းပြော
Donate to DVB

ဗစ်တိုးရီးယားအမှုမှာ ယာဉ်မောင်းအောင်ကြီးကို ရဲတပ်ဖွဲ့ဘက်က သက်သေအခိုင်အလုံ မရှိဘဲ တရားစွဲလို့မရဘဲ အမှားအမှန်ကို တရားခွင်မှာ တရားသူကြီးက ဆုံးဖြတ်လိမ့်မယ်လို့ အငြိမ်းစားရဲမှူးချုပ် ဦးဝင်းခေါင်က ပြောပါတယ်။

မူကြိုကျောင်းသူ ဗစ်တိုးရီးယား လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုကျင့်ခံရတာနဲ့ ပတ်သက်ပြီး Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ရဲတပ်ဖွဲ့က သံသယတရားခံအဖြစ် ဖမ်းဆီးအမှုဖွင့် တရားစွဲဆိုထားတာပါ။ 

အခုလို တရားစွဲဆိုပြီးနောက်ပိုင်း အမှုမှန်ပေါ်ပေါက်ရေးအတွက် ပြည်သူတွေလည်း ပူးပေါင်းပါဝင်လာသလို စွပ်စွဲခံရသူ မိသားစုဘက်ကလည်း မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

တရားခံဘယ်သူဘယ်ဝါဆိုတာကို ရဲတပ်ဖွဲ့ဘက်က သက်သေအခိုင်အလုံမရှိဘဲ စွပ်စွဲလို့မရဘဲ အမှားအမှန်ဆိုတာ တရားခွင်မှာ နှစ်ဘက်ရှေ့နေတွေရဲ့ ပြန်လှန်စစ်မေးချက်တွေနဲ့ တရားသူကြီးက ဆုံးဖြတ်မှာဖြစ်တယ်လို့ အငြိမ်းစားရဲမှူးချုပ် ဦးဝင်းခေါင်က ပြောပါတယ်။

  “ရဲက ရဲအလုပ်လုပ်တယ်၊ ပြည်သူကလည်း  ပြည်သူအလုပ်လုပ်၊ ကိုယ်သိတယ်ဆိုရင် ဂဃနဏ သိသလား၊ ရီသံကြားတွေနဲ့ လေသံကြားတွေနဲ့ ဖမ်းတရားနာပြီးတော့ ဒါကတော့ ဟိုလူတဲ့၊ ဒီလူတဲ့လို့ ပြောနေတယ်ဆိုတာက သူက ဂဃနဏ သိသလား အခင်းဖြစ်ရပ်ကို။ ကျနော် အခင်းဖြစ်ရပ်ကိုလည်း မရောက်ဘူး၊ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းအစအဆုံးလည်း မသိဘူး၊ ပြောနေတဲ့ လေသံတွေပေါ်မှာ အကုန်လုံးက သုံးသပ်နေလို့လည်း မရဘူး။ ရဲကလည်း တရားခံ ဖော်ထုတ်တယ်လို့ အကုန်လုံးကို ပြောနေတယ်ဆိုတော့ သူ့ဆီမှာ ခိုင်မာတဲ့ စစ်ဆေးချက်တွေနဲ့ စစ်ဆေးဖော်ထုတ်ရမယ်။ အဲဒီစစ်ဆေးချက် မှန်တယ်မမှန်ဘူးဆိုတာကလည်း ရဲက ပြောတိုင်း မှန်တယ်မဟုတ်ဘူးလေ၊ တရားခွင်မှာ ရဲကလည်း သူလုပ်တာကို မှန်ကြောင်းတင်ပြ၊ နှစ်ဖက် ရှေ့နေတွေကလည်း မှားတယ်၊ မှန်တယ်ဆိုတာ အပြန်အလှန် ငြင်းကြခုန်ကြ၊ တရားသူကြီးက အဲဒီအပေါ်မှာ စဉ်းစားဆုံးဖြတ်သုံးသပ်၊ ဒါ တရားသူကြီးတဦးရဲ့ လုပ်ထုံးလုပ်နည်းပဲ။”

  ယာဉ်မောင်းအောင်ကြီးကို တရားခံအဖြစ် ရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်ပြီးနောက်ပိုင်း  ရန်ကုန်၊ မန္တလေး၊ တောင်ကြီးအပါအ၀င် မြို့ကြီးတော်တော်များများမှာ ဗစ်တိုးရီးယားအတွက် အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒပြတောင်းဆိုမှုတွေလည်း ဆက်တိုက်ပေါ်ပေါက်နေပါတယ်။

ဗစ်တိုးရီးယားအမှုမှာ မှန်ကန်တဲ့အဖြေတခုထွက်လာဖို့အတွက် မိဘတွေနဲ့အတူ ပြည်သူ အားလုံးက စောင့်ကြည့်နေတယ်လို့ အမျိုးသမီးအရေးဆောင်ရွက်သူ ဒေါ်ခင်လေးက ပြောပါတယ်။

“အားလုံးရဲ့ ဖိအားတွေကြောင့်၊ မေတ္တာတွေကြောင့် သမ္မတရုံးကနေ ထုတ်ပြန်ရတဲ့ အခြေအနေရောက်တယ်ဆိုတော့ ဒါက အဆိုးထဲက အကောင်းပေါ့။ ဘာဆက်ဖြစ်မလဲ ကျမတို့ စောင့်ကြည့်ရမယ်။ မှန်ကန်တဲ့အဖြေ ထွက်လာဖို့လည်း ကျမတို့ မျှော်လင့်တယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေဖြစ်ဖို့ကိုလည်း ကျမတို့ မျှော်လင့်တယ်။ အဲဒီအတွက်လည်း ပြည်သူတွေ အားလုံးကလည်း စောင့်ကြည့်နေတယ်။”

ဒီကိစ္စနဲ့ပတ်သက်လို့ မှန်ကန်တဲ့တရားရေးအတွက် ရဲတပ်ဖွဲ့နဲ့ တရားရုံးတွေဘက်က ဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“ပိုက်ဆံရှိတဲ့လူတွေဆိုရင် အရမ်းအကာအကွယ်ပေးချင်တာပဲ၊ အာဏာရှိတဲ့သူ အရမ်းအကာအကွယ်ပေးချင်တာပဲ။ အဲဒါကို မလုပ်ဘဲနဲ့ တပြေးညီ တရားဥပဒေ စိုးမိုးရေး ရဲတပ်ဖွဲ့နဲ့ တရားရုံးတွေဟာ ကြိုးပမ်းအားထုတ်သင့်တယ်။”

  လက်ရှိမှာတော့ တရားခံအဖြစ်စွပ်စွဲခံရသူ အောင်ကျော်မျိုး (ခ) အောင်ကြီးကို ရဲတပ်ဖွဲ့က ဒက္ခိဏခရိုင်တရားရုံးမှာ ပုဒ်မ ၃၇၆ နဲ့ ဇူလိုင် ၅ ရက်နေ့က တရားစွဲဆိုထားပြီး နောက်ထပ် ရုံးချိန်းကို ဇူလိုင် ၁၅ ရက်နေ့ ပြန်လည်ချိန်းဆိုထားတယ်လို့ ဒုတိယခရိုင်တရားသူကြီး ဦးညိုဌေးက ပြောပါတယ်။ 

မူကြိုကျောင်းမှာ ကလေး ၁၇ ယောက်နဲ့ ဆရာမတွေရှိနေတဲ့ကြားထဲက ဒီသမီးလေးကို ရွေးပြီးတော့ ဒီလို အချိန်မိနစ်ပိုင်းအခြားမှာ မဖွယ်မရာလုပ်ဖို့ဆိုတာတော့ တော်တော်ကို စဉ်းစားရခက်နေတဲ့ ကိစ္စလို့ Wisdom Hill ကျောင်းအုပ် ဦးပညာက ဒီဗွီဘီကို ပြောထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013