DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသား ၁၇ ဦးကို ထိုင်းက ဗုဒ္ဓသာသနာစွမ်းဆောင်ရည်ဆု ချီးမြှင့် 
DVB
·
July 8, 2019
မြန်မာနိုင်ငံသား ၁၇ ဦးကို ထိုင်းက ဗုဒ္ဓသာသနာစွမ်းဆောင်ရည်ဆု ချီးမြှင့် 
1 / 9
Donate to DVB

နိုင်ငံတကာမှာ ဗုဒ္ဓဘာသာသာသနာပြန့်ပွားရေး စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ ရဟန်း သံဃာနဲ့ လူပုဂ္ဂိုလ်တွေကို  ထိုင်းနိုင်ငံ Media Council for Buddhism အဖွဲ့အစည်းက Cija Jakra Award လို့ခေါ်တဲ့ ဗုဒ္ဓသာသနာစွမ်းဆောင်ရည်ဆု ဂုဏ်ပြု ချီးမြှင့်လိုက်ပါတယ်။ 

ဆုချီးမြှင့်ပွဲကို ထိုင်းနိုင်ငံ နခွန်းပထုန်ခရိုင် ဗုဒ္ဓဿသနိကနယ်မြေမှာ မနေ့က ကျင်းပခဲ့ပြီး နိုင်ငံတကာကဆု ရရှိသူပေါင်း ၃၈၀ ကျော်ရှိကာ အဲဒီထဲမှာ မြန်မာနိုင်ငံက ရဟန်းရှင်လူပေါင်း ၁၇ ဦး ပါဝင်ပါတယ်။ 

မြန်မာပြည်က Cija Jakra Award ဆုရသူ ရဟန်းသံဃာတော် ၅ ပါးရှိပြီး သီပေါမြို့ ပေါ်ကြိုကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တဒေ၀ိန္တ၊ သီပေါမြို့နယ် နမ့်လန်ကျေးရွာ မဇ္ဈိမရာမအ လယ်ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ ဥာဏောဘာသ၊ မူဆယ်မြို့ လွယ်တိန်းခမ်းကျောင်း တိုက်မှ ဆရာတော် ဘဒ္ဒန္တသုခမိန္ဒ၊ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ဓမ္မဇေယျာပရိယတ္တိ စာသင်တိုက်မှ ဆရာတော် ဣန္ဒက၊ မန္တလေးမြို့ မဟာဓမ္မိကာရာမကျောင်းတိုက်မှ ဆရာတော် ဒေါက်တာ စ၀်နွံလှိုင်း ဓမ္မသာရတို့ဖြစ်ကြပါတယ်။ 

လူပုဂ္ဂိုလ်များမှာ ၁၂ ဦးရှိပြီး အမည်သတိရသလောက်က မန္တလေးတိုင်း ရှမ်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်၊ မန္တလေးမြို့ ရှမ်းသာရေးနာရေးအသင်းဥက္ကဋ္ဌ ဦးစိုင်းဆိုင်မိုင်း၊ မန္တလေးမြို့ အွန်ဟော်ကုမ္ပဏီမှ ဦးစိုင်းမောင်ထွန်းနဲ့ သုဓမ္မသိင်္ဂီ ဒေါ်နန်းမြစိန်တို့ ဇနီးမောင်နှံ၊ နမ့်စန်မြို့နယ် ပန်လိုင်းဆိုင်ကျေးရွာမှ ဒေါ်နန်းစံနွန်းနဲ့ တန့်ယန်းမြို့နယ်မှ တရားပြဆရာမ ဒေါ်နန်းကြည်ကြည်သိန်းတို့ ပါဝင်ကြပါတယ်။ 

အဆိုပါရဟန်းရှင်လူတွေဟာ ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက်တရားပြခြင်း၊ နယ်လှည့် သာသနာပြုခြင်း၊ သာသနာပြုလုပ်ငန်းအတွက် စဉ်ဆက်မပြတ် လူအား၊ ၀တ္ထုအားနဲ့ လှူဒါန်းခြင်း တွေ ပြုခဲ့ကြတာကို ဆုရွေးချယ်ရေးအဖွဲ့မှ လက်လှမ်းမီသမျှ စုံစမ်းသိရှိပြီး ပေးအပ်ခဲ့တာလို့ ဂုဏ်ပြုဆုရ ဆရာတော်တပါးဖြစ်တဲ့ မန္တလေး မဟာဓမ္မိကာရာမကျောင်းတိုက်မှ ဆရာတော် ဒေါက်တာ စ၀်နွံလှိုင်း ဓမ္မသာရက ဒီဗွီဘီကို မိန့်ပါတယ်။ 

“ဆုရွေးချယ်ရေးအဖွဲ့က မြန်မာပြည်မှာ သာသနာအကျိုးးဆောင်ရွက်နေတဲ့ ရဟန်းရှင်လူ ပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်းတွေကိုကောက်ခံပြီး မှန်ကန်မှုရှိမရှိစိစစ်ပြီး ဆုပေးပါတယ်။ ဘုန်းဘုန်း အနေနဲ့တော့ ဘန်ကောက်မှာ ပညာသင်တုန်းက ထိုင်းဗုဒ္ဓဘာသာအသင်းလှုပ်ရှားမှုတွေမှာ အမြဲ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံတွင်း သာသနာပြုလုပ်ငန်းတွေ ဆောင်ရွက်ပြီး ထိုင်းတီဗွီချနယ်လ်တွေမှာလည်း ဟောပြောခဲ့တယ်၊ အဲ့ဒါကြောင့် အသိအမှတ်ပြု ခံရတယ်လို့ ထင်ပါတယ်။”

နောက်ထပ် ဆုရရှိသူ ၁ ဦးဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့မှ တရားပြဆရာမ ဒေါ်နန်းကြည်ကြည်သိန်းကလည်း သူမအနေနဲ့ နှစ်ပေါင်း ၂၀ ကျော် ပြည်တွင်းပြည်ပ နယ်လှည့် တရားဟောခဲ့လို့ ဆုရတာဖြစ်ကြောင်း ဒီဗွီဘီကို ပြောပါတယ်။ 

“ကျမအနေနဲ့ နှစ်ပေါင်း ၂၀ ကျော် ပြည်တွင်းပြည်ပ သာသနာပြုလုပ်ငန်းနဲ့ နယ်လှည့်တရားဟောခဲ့လို့ ဒီဆုကိုရတာလို့ထင်ပါတယ်။ အနှစ် ၂၀ တရားပြခဲ့တဲ့ကာလအတွင်း ဒီဆုဟာ ပထမဆုံးအကြိမ်ရတဲ့ဆုလည်း ဖြစ်ပါတယ်၊ ဆုပေးတဲ့အဖွဲ့ကလည်း ဒါဟာ ပထမဆုံးအကြိမ် ပေးတာလို့ သိရတယ်။ ဒါကြောင့် အမျိုးသမီးတယောက်အနေနဲ့ ဒီဆုရတာ အရမ်းဝမ်းသာတယ်၊ ဂုဏ်လည်းယူတယ်။”

ဆုအနေနဲ့ ဂုဏ်ပြုလက်မှတ်နဲ့အတူ ဆုရသူ ၁ ဦးချင်းအမည်ကဗျည်းထိုးထားသော  မဂ္ဂင်ရှစ်ပါးတံဆိပ်ပါရွှေရောင်ဆင်ရုပ်တုကို ရရှိခဲ့ကြပါတယ်။ 

ဆုပေးပွဲအခမ်းအနားမှာ ထိုင်းဘုရင်အနွယ်တော် မွမ်ကျောက်အူထိုင်းကန်းယား ဖာနုဖန်း က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး  ကိုယ်တိုင်ဆုလက်မှတ်တွေ ချီးမြှင့်ပေးခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013