DVB Logo
Home
မြန်မာသတင်း
စင်းဘောကိုင်းတွင် ဒုက္ခသည် ၃၀၀၀ ကျော် စားနပ်ရိက္ခာနှင့်နေထိုင်ရေး အခက်​အခဲဖြစ်နေ
DVB
·
July 8, 2019
စင်းဘောကိုင်းတွင် ဒုက္ခသည် ၃၀၀၀ ကျော် စားနပ်ရိက္ခာနှင့်နေထိုင်ရေး အခက်​အခဲဖြစ်နေ
1 / 6
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် လေးမြို့ချောင်း စင်းဘောကိုင်းကယ်ဆယ်ရေးစခန်းမှာ စစ်ဘေးရှောင် ၃၄၀၀ ကျော်လောက် စားနပ်ရိက္ခာနဲ့ နေရေးထိုင်ရေး အရေးပေါ် လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ စခန်းတာဝန်ခံတွေက ဒီဗွီဘီကိုပြောပါတယ်။

ပြီးခဲ့တဲ့မတ်လက ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်တွေဟာ စင်းဘော်ကိုင်းကျေးရွာ လေးမြို့မြစ်သဲသောင်ပြင်မှာ တဲအိမ်တွေ ဆောက်လုပ်နေထိုင်နေကြပေမယ့် လက်ရှိအချိန်မှာ မိုးအဆက်မပြတ်သွန်းရွာနေတာကြောင့် တောင်ကျချောင်းရေနဲ့ ဒုက္ခသည်စခန်း ၃ ပုံ ၂ ပုံဟာ ရေလွှမ်းမိုးဒဏ်ကို ခံနေကြရတာကြောင့် ပြောင်းရွှေ့နေရတယ်လို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ဘေးရှောင်တွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ထားပေမယ် လူဦရေးအရ များလွန်တာကြောင့် အဆောက်အဦ ဆောက်လုပ်ဖို့ ငွေကြေးမတတ်နိုင်လို့ အခက်အခဲဖြစ်နေကြရတယ်လို့ စင်းဘောကိုင်းစစ်ဘေးရှောင်းစခန်းကို တာဝန်ယူလုပ်ဆောင် ပေးနေတဲ့ မြတန်းဆောင်ဆရာတော် ဦးနန္ဒသာရ ဒီဗွီဘီကိုမိန့်ပါတယ်။

“အဲ့ဒီ စင်းဘောကိုင်းစခန်းမှာ စစ်ဘေးရှောင် ၃၄၀၀ ကျော်ရှိတယ်။ မိုးအရမ်းရွာတော့ အဲ့ဒီမှာ ချောင်းကမ်းဘေး တဲထိုးပြီးနေတဲ့သူတွေ ၃ ပုံ နှစ်ကတော့ အခုရေနစ်မြုပ်သွားပြီ၊ လူတွေကိုတော့ ဘေးလွတ်နေရာကို ပို့ထားတာတယ်။ ကယ်ဆယ်ရေးစခန်းပြောင်းဖို့အတွက် အစီစဉ်လုပ်နေတယ်။ ဒါပေမယ့် လူဦးရေ အရမ်းများတော့ အဆောက်အဦဆောက်ဖို့ ငွေကြေးက လည်း မတက်နိုင်ဘူး၊ ငွေကြေးမရှိတော့ စခန်းဆောက်လုပ်ဖို့ကို အကုန်ရပ်နားနေရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေ တို့ကြား တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့နယ်အတွင်းက ဘုရားကြီး၊ မော်ရွာဟောင်း၊ မော်ရွာသစ်၊ စာပေါင်၊ ခြိတ်ချောင်း စတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာ ၉ ခုလောက်က ဒေသခံကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

လေးမြို့ချောင်း ဘုရားကြီးကျေးရွာက စစ်ဘေးရှောင်လာတဲ့ ဦးမောင်ဝင်းတင်က “အခု မိုးရာသီးဖြစ်နေပြီ၊ တောင်ကျရေကျကြောင့် ရေးကမ်းနားနေတဲ့ သူတွေကလည်း ထွက်ပြေး လာကြပြီ၊ အခုဘုန်းကြီးနဲ့ ကျေးရွာက နေအိမ်တချို့ ကပ်ခိုပြီးတော့ နေနေကြရတယ်။ အခက်အခဲ အရမ်းဖြစ်နေတတယ်။ စားဖို့ဟာလည်း အဆင်မပြေဘူး။ အိမ်သာတွေကလည်း မရှိကြဘူး။ ပြီးတော့၊ အမိုးအကာတွေ လိုနေတယ်။ အဆောက်အဦတွေ လိုအပ်နေတယ်။ ထွက်ပြေး လာကြတဲ့ စစ်ဘေးရှောင် ၃၀၀၀ ကျော်အားလုံး တနေရာနဲ့တနေရာစီ ခွဲပြီးထားရတယ်” လို့ ပြောပါတယ်။

စင်းဘောကိုင်း စစ်ဘေးရှောင်တွေကို ကူညီဖို့ မြောက်ဦးကိုရောက်ရှိနေတဲ့ သဘာဝနဒီဆရာတော် ဦးဆောင်ကယ်ဆယ်ရေးအဖွဲ့ တခုကတော့ လေးမြို့ချောင်း ရေစီးကြောင်း နဲ့ တောင်ကျရေပြင်ထန်းနေတာကြောင့် သွားရောက်ဖို့ ရပ်ဆိုင်းနေရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းလောက်ကတည်းက တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေ တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေဟာလည်း တနေ့ထက်တနေ့ များပြားလာနေသလို နှစ်ဖက် လက်နက်ကိုင်အကြားမှာလည်း တိုက်ပွဲတွေ တင်းမာနေဆဲဖြစ်ပါတယ်။

အခုဆိုရင် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၇ မြို့နယ်လောက်မှာ စစ်ဘေးရှောင် ၅၀၀၀၀ ကျော်အထိ များပြားလာနေပြီး စားနပ်ရိက္ခာအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ် လိုအပ်နေတယ်လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

သတင်း-ဝဏ္ဏခွာညို-ဓာတ်ပုံ- ခိုင်မင်းရှင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013