DVB Logo
Home
မြန်မာသတင်း
ကျောက်မဲမြို့နယ်တွင် ရန်ဖြစ်ရာက ကာရာအိုကေဆိုင် မီးရှို့မှုဖြစ်ပွား 
DVB
·
July 8, 2019
ကျောက်မဲမြို့နယ်တွင် ရန်ဖြစ်ရာက ကာရာအိုကေဆိုင် မီးရှို့မှုဖြစ်ပွား 
1 / 7
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ရှိ ကေတီဗွီ ကာရာအိုကေ ဆိုင်တဆိုင်မှာ လုပ်ဖော်ကိုင်ဖက်ချင်း စကားများ ရန်ဖြစ်ရာကနေဆိုင်ကို မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။ 

ကျောက်မဲနဲ့၂ မိုင်အကွာ ပန်ပေါင်းကျေးရွာ မင်းလမ်းမကြီးဘေးရှိ  ကေတီဗွီဆိုင်တဆိုင်မှာ ကနေ့မနက်စောစောက မီးလောင်တဲ့သတင်းရတဲ့အတွက် မီးသတ်တပ်ဖွဲ့အင်အား ၂၀ ကျော် မီးသတ်ကား ၃ စီးနဲ့ သွားရောက် မီးငြှိမ်းသတ်ခဲ့တယ်လို့ ကျောက်မဲမြို့နယ် မီးသတ်ဦးစီးဌာန ဒုတပ်ကြပ် မောင်မောင်သန်းက ဒီဗွီဘီကို ပြောပါတယ်။ 

“  မီးစလောင်တာက ၅ နာရီ ၄၅ မိနစ်လို့သိရတယ်။ ကျနော်တို့ဆီကို သတင်းရောက်တာ က ၆ နာရီ ၁၅ မှရတယ်။ အဲဒီနားမှာရှိတဲ့ အေးရှားဝေါဂိတ်က မီးလောင်တာမြင်လို့ ဖုံးလှမ်း ဆက်လိုက်တာ။ သိသိချင်းကျနော်တို့ရုံးက မီးသတ်တပ်ဖွဲ့အင်အား ၂၀ ကျော်  မီးသတ်ကား ၃ စီး၊ ရေတိုင်ကီကား ၁ စီးနဲ့ လိုက်သွားပါတယ်။ ဟိုကို ၆ နာရီ ၂၃ မိနစ်မှာရောက်ပြီး ၆ နာရီ ၄၅ မိနစ်မှာ လုံးဝ မီးငြိမ်းသွားပါတယ်။ ထိခိုက်ဒဏ်ရာရသူမရှိဘူး။ အနီးနားပတ်ဝန်းကျင်ကို မီးကူးတာမရှိဘူး”

ကေတီဗွီဆိုင်ကို အစုစပ်ရှယ်ယာလုပ်ကိုင်တဲ့ ဦးကျော်စွာနဲ့ ဦးသန့်ဇင်တို့နှစ်ဦး စကားများပြီး ဦးကျော်စွာက ကေတီဗွီအခန်းရှိ ဆိုဖာပေါ်ဓာတ်ဆီလောင်းက မီးရှို့ခဲ့တာဖြစ်တယ်လို့  မီးသတ်ဌာနက ပြောပါတယ်။

ဦးကျော်စွာဟာ မီးရှို့သူဖြစ်ကြောင်း မျက်မြင်သက်သေတွေက တပြိုင်နက်ထွက်ဆိုကြတဲ့ အတွက် မီးလောင်မှုရဲ့ တရားခံအဖြစ်အရေးယူခံရမှာဖြစ်ကြောင်း၊ လောလောဆယ် ဦးကျော်စွာက ထွက်ပြေးလွတ်မြောက်နေတဲ့အတွက် ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးဖို့လိုက်လံ ရှာဖွေနေကြောင်း ကျောက်မဲမီးသတ်ဌာနက ပြောပါတယ်။

မီးလောင်တဲ့ ကာရာအိုကေဆိုင်ဟာ သွပ်မိုးအုတ်ကာ ၂ ထပ်အိမ်ဖြစ်ပြီး နှစ်ထပ်လုံး မီးလောင်ကျွမ်းကာ အိမ်ထဲကပစ္စည်းပရိဘောဂ အားလုံးပါသွားကြောင်းနဲ့ ပျက်စီးဆုံးရှုံးမှု ပမာဏ ကျပ် ၈၇သိန်းခွဲလောက်ရှိမယ်လို့ နယ်မြေခံရဲတပ်ဖွဲ့က ခန့်မှန်းပါတယ်။

ဓာတ်ပုံ- Credit-  Kyaw Kyaw Oo / Tun Tun Naing‎ Facebook

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013