DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလား​ဒေ့ရှ်​ဘက်မှ ပြန်​၀င်လာသူ ၂၀၀ ကျော်ရှိဟု မောင်​​တောခရိုင်​ အုပ်​ချုပ်​​ရေးမှူးပြော
DVB
·
July 8, 2019
ဘင်္ဂလား​ဒေ့ရှ်​ဘက်မှ ပြန်​၀င်လာသူ ၂၀၀ ကျော်ရှိဟု မောင်​​တောခရိုင်​ အုပ်​ချုပ်​​ရေးမှူးပြော
1 / 8
Donate to DVB

၂၀၁၇ အကြမ်းဖက်​ဖြစ်​စဉ်​တွေကြောင့် ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံဘက်ကို နေရပ်​စွန့်​ခွာ ထွက်​သွားကြသူတွေထဲကနေ အခု ဇူလိုင် ၇ ရက်အထိ ဆန္ဒအ​လျှောက်​  မြန်မာနိုင်ငံဘက် ပြန်​၀င်​လာသူပေါင်း ၂၀၂ ဦးရှိ​တယ်လို့ ​မောင်​​တောခရိုင် ​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူး ဦးစိုး​အောင်​က​​ ပြောပါတယ်​။

ပြန်လည်ဝင်ရောက်လာသူ ၂၀၀ ကျော်ဟာ နှစ်နိုင်ငံသဘောတူညီချက်နဲ့ မဟုတ်ဘဲ သူတို့ သဘောဆန္ဒအလျှောက် ဆက်သွယ်ပြီးဝင်ရောက်ကြတာဖြစ်ပြီး  ဟိန္ဒူ ၁၁ ဦးပါဝင်တယ်လို့ လည်းပြောပါတယ်။ 

မောင်​​တောခရိုင် ​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူး ဦးစိုး​အောင်​က​​ “သေချာစိစစ်ပြီး ကျနော်တို့နိုင်ငံမှာ နေခဲ့တာမှန်တယ်၊ နောက်အရင် ၂၀၁၆၊ ၂၀၁၇ ဖြစ်စဉ်တွေမှာ အကြမ်းဖက်မှုထဲ မပါဘူးဆိုရင် ပြန်လည်လက်ခံပါတယ် သေချာ စိစစ်ပြီးတော့၊ အခုမြေပြင်မှာ ဘယ်လိုဖြစ်နေလဲဆိုတော့ ကျနော်တို့ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း အစိုးချင်း G to G ချိတ်ပြီးမှ ပြန်ဝင်ရမှာပေါ့။ ဒါပေမဲ့ ဟိုဘက်မှာလည်း အခု ပြန်ဝင်ခဲ့တဲ့ အဖွဲ့တွေကို ကျနော်တို့ မေးမြန်းချက်အရ ဟိုဘက်မှာ ဒီဘက်ကို ပြန်ဝင်လို့ရတယ်ဆိုတဲ့ အချက်အလက်ကို မပေးဘူး။ သူတို့မသိဘူး၊ ဖောင်တွေဖြည့်ရမယ်ဆိုတာ မသိဘူး။ အဲသလို မသိဘဲဖြစ်နေတဲ့အတွက်  ဒီဘက်မှာ ဆွေမျိုးသားချင်းရှိတဲ့လူတွေက ချိတ်ဆက်ပြီးတော့မှ ပြန်လည်ဝင်ရောက်ချင်ပါတယ် ဆိုပြီးတော့မှပြောလာလို့ ကျနော်တို့က သွားကြိုပေးရတဲ့ သူတွေရှိတယ်။ အခုလည်း ကျနော်တို့ ကို ပြန်ဝင်ချင်ပါတယ်ဆိုပြီး တင်ပြထားတာတွေရှိတယ် ကျနော်တို့ အစိုးရအဖွဲ့ကလည်း လက်ခံ ပါမယ်။ ဒါပေမယ့် ဘာတခုရှိနေလဲဆိုတော့ သူတို့ရဲ့လုံခြုံရေးရှိတယ်။ ဒီဘက်ကို လာတဲ့အချိန်မှာ ကြားထဲမှာ ပြန်သွားရင်သတ်မယ်ဆိုပြီးတော့မှ ARSA ခြိမ်းခြောက်မှုတွေရှိတယ်။ ဒါတွေကတော့ ပြန်ဝင်လာတဲ့ သူတွေပြောတာ”လို့ ပြောပါတယ်။

နောက်ထပ်ပြန်ဝင်လာဖို့ ဆက်သွယ်လာသူ ၂၀ လောက်ရှိတဲ့အကြောင်းနဲ့ ပြန်လာသူတွေ ထဲက နေအိမ်မပျက်စီးတဲ့ သူတွေကတော့ သူတို့မူလနေအိမ်တွေမှာ ပြန်လည်နေထိုင်ကြပြီး နေအိမ်ပျက်စီးသွားသူတွေက နီးစပ်ရာဆွေမျိုးများထံ နေရာချပေးထားရတယ်လို့လည်း ဆိုပါတယ်။

ပြန်ဝင်ရောက်လာသူတွေကို UEHRD ရဲ့လုပ်ငန်းစဉ်အရ မောင်​​တောခရိုင်​​ အုပ်ချုပ်ရေးက အကြမ်းဖက်အဖွဲ့ဝင် စာရင်းမှာ​ပါဝင်မှု ​ရှိမရှိ စိစစ်​ကာ တဖက်​နိုင်​ငံသို့ ထွက်​ခွာတဲ့​ နေ့ရက်​၊ ​နေထိုင်ခဲ့တဲ့​နေရာ၊ လုပ်​ကိုင်​ခဲ့​တဲ့ အလုပ်​အကိုင်​နဲ့ ပြန်​လည်​ ၀င်​​ရောက်​လာတဲ့ နေ့ရက်​၊ ​နေရာတို့ကို စနစ်​တကျစစ်​​ဆေး​မေးမြန်းပြီး လူဝင်​မှုကြီးကြပ်​​ရေးဝန်​ကြီးဌာနက အချက်အလက် ​ကောက်​ယူခဲ့ပါတယ်။ 

ပြန်လည်ဝင်ရောက်လာသူတွေအတွက် ကျန်းမာရေးဌာနက ကျန်းမာ​ရေးစစ်​​ဆေးပေးတာ၊ လူမှုဝန်​ထမ်း၊ ကယ်​ဆယ်​​ရေးနှင့် ပြန်​လည်​​နေရာချထား​ရေးဝန်​ကြီးဌာနက ငွေနဲ့ ပစ္စည်း​တွေ ထောက်​ပံ့​ပေးအပ်ခဲ့ပါတယ်။

၂၀၁၇ အကြမ်းဖက်မှုဖြစ်စဉ်တွေအပြီး ရခိုင်ပြည်နယ် ​မောင်တောခရိုင်​အတွင်းကနေ  ဘင်္ဂါလီ ၆ သိန်းလောက်နဲ့ ဟိန္ဒူ ၄၄၀ လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နေရပ်စွန့်ခွာ ထွက်သွားခဲ့ကြတာပါ။

ကျော်​လင်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013