DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရုပ်သေး ရေရှည်တည်တံ့ရန် ထောက်ပံ့မှုများ လိုအပ်နေ
DVB
·
July 8, 2019
မြန်မာ့ရုပ်သေး ရေရှည်တည်တံ့ရန် ထောက်ပံ့မှုများ လိုအပ်နေ
Donate to DVB

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တခုဖြစ်တဲ့ ရုပ်သေးအနုပညာဟာ ကမ္ဘာကပါ စိတ်ဝင်စားမှု များပြားနေပေမယ့် ရေရှည်ရှင်သန် တည်တံ့နိုင်ဖို့အတွက် ထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ရုပ်သေးပညာရှင်တွေက ပြောပါတယ်။

ပြည်တွင်းက ငွေကြေးချမ်းသာသူတွေအနေနဲ့ Theatre ကဇာတ်ရုံတွေ တည်ဆောက်တဲ့ စီးပွားရေးကို စိတ်ဝင်စားမှု မရှိကြဘူးလို့ ရုပ်သေးအနုပညာရှင်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ ရုပ်သေးအနုပညာကို ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းမျိုးတွေ မတွေ့ရှိရတဲ့အတွက် ရုပ်သေးပညာ ဆက်လက်ရှင်သန်ဖို့ ဒီပညာရပ်ကို လေ့လာသင်ယူထားတဲ့ လူငယ်မျိုးဆက်သစ်တွေအတွက် ရုပ်သေးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ မြန်မာမာရီယိုနက် သီရေတာပိုင်ရှင် ဒေါ်မမနိုင်က ပြောပါတယ်။

ရုပ်သေးပညာရှင် ဒေါ်မမနိုင် ဦးဆောင်တဲ့ မြန်မာမာရီယိုနက် သီရေတာ ဇာတ်ရုံနေရာအသစ်ကို မန္တ​လေးတောင်ခြေအနီးက ၁၀ လမ်းပေါ်မှာ ဖွင့်လှစ်ထားပြီး ဒီဇာတ်ရုံမှာ ရုပ်သေးရုပ်ကို ထုဆစ်တာ၊ အဝတ်အစား အပြင်အဆင်၊ ပန်းချီခြယ်သတာ၊ ဆံပင်တပ်တာ စတဲ့ ကရုပ်တရုပ်ဖြစ်တဲ့အထိ တပ်ဆင်တာတွေကိုလည်း လေ့လာနိုင်ပါတယ်။

ဒီဇာတ်ရုံမှာ နိုင်ငံတကာနဲ့ အနုပညာဖလှယ်ပွဲတွေ၊ မန္တ​လေး ယဉ်ကျေးမှုတက္ကသိုလ်နဲ့ ပူးပေါင်းပြီး ရုပ်သေးနဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ရှိတယ်လို့ ဒေါ်မမနိုင်က ပြောပါတယ်။

ရုပ်သေးအနုပညာနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အကူအညီမှန်သမျှ အကူအညီ တောင်းခံလာပါက အကူအညီ ပေးသွားမယ်လို့ မန္တ​လေးတိုင်းဒေသကြီး သဘင်အစည်းအရုံး ဒုဥက္ကဋ္ဌ-၂ ပန်တျာ ဦးစိန်မောင်းက ပြောပါတယ်။

မန္တလေးမြို့မှာတော့ ရုပ်သေးသီးသန့် ကဇာတ်ရုံအနေနဲ့ ဒီဇာတ်ရုံတခုတည်းသာရှိပြီး ဝင်ကြေးအနေနဲ့ ကျပ် ၁ သောင်းခွဲ ကောက်ခံကြောင်းနဲ့ မြန်မာ့ဇာတ်တော်တွေကို ကျယ်ကျယ်ပြန့်ပြန့် ကပြနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013