DVB Logo
Home
မြန်မာသတင်း
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စစ်တောင်းရိပ်မွန်တွင် ရေကြီးရေလျှံဖြစ်နေ
DVB
·
July 7, 2019
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စစ်တောင်းရိပ်မွန်တွင် ရေကြီးရေလျှံဖြစ်နေ
Donate to DVB

အခုရက်ပိုင်းအတွင်းမှာ မိုးအဆက်မပျက်ရွာသွန်းတာကြောင့် ရေတံခါးတည်ဆောက်နေတဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စစ်တောင်းရိပ်မွန်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။ 

အခုလိုရေကြီး ရေလျှံတာတွေဖြစ်နေပေမယ့် ရပ်ကွက်နေပြည်သူတွေကို ရေတံခါးတည်ဆောက်မှုအကြောင်း အသိပေးအကြောင်းကြားတာ မရှိဘူးလို့ စစ်တောင်းရိပ်မွန်နေ ကိုအောင်ကျော်မိုးက ပြောပါတယ်။

အခုလိုရေကြီးရေလျှံတာတွေကို လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းကလည်း ကြုံခဲ့ရပေမယ့် အခုလို အိမ်တွေထဲအထိ ရေဝင်တာမျိုးတော့ မရှိခဲ့ဘူးလို့ ၉၂ ရပ်ကွက် အန်အယ်လ်ဒီရပ်ကျေး ဥက္ကဋ္ဌ ဦးလင်းလင်းက ပြောပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ် စစ်တောင်းရိပ်မွန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဟိန်းအောင်အောင်က ရေတံခါး တည်ဆောက်မှုအပိုင်းကို အများပြည်သူတွေရဲ့ ဆန္ဒတွေနဲ့ လုပ်ကိုင်စေချင်တယ်လို့ ပြောပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ် စစ်တောင်းရိပ်မွန် ၉၂ ရပ်ကွက်မှာ အိမ်ခြေ ၁၆၃၀ ကျော်ရှိပါတယ်။

ရေတံခါးတည်ဆောက်မှုနဲ့ ပတ်သက်ပြီး ဇူလိုင် ၇ ရက်နေ့မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရေတံခါးတည်ဆောက်နေတဲ့ တာဝန်ရှိသူတွေနဲ့ ရပ်ကွက်နေပြည်သူတွေ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013