DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ၁၈ နှစ်အထက် သွေးတိုးရောဂါရှိသူ ၃၀ ရာခိုင်းနှုန်းရှိ
DVB
·
July 7, 2019
မြန်မာနိုင်ငံတွင် ၁၈ နှစ်အထက် သွေးတိုးရောဂါရှိသူ ၃၀ ရာခိုင်းနှုန်းရှိ
1 / 5
Donate to DVB

မြန်မာနိုင်ငံမှာ  အသက် ၁၈ နှစ်အထက် သွေးတိုးရောဂါရှိတဲ့ သူက ၃၀ ရာခိုင်နှုန်းရှိတယ်လို့ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့က ပြောပါတယ်။ 

သွေးတိုးရောဂါက မကူးစက်တဲ့ ရောဂါတမျိုးဖြစ်ပြီး အပေါ်သွေး ၁၄၀  နဲ့ အောက်သွေး ၉၀ ရှိနေမယ်ဆိုရင်တော့ ဆေးပညာအရ သွေးတိုးရောဂါရှိကြောင်း သတ်မှတ်တယ်လို့ ဆိုပါတယ်။

လူအများစုက ကိုယ့်မှာ သွေးတိုးရောဂါရှိနေတာကို မသိရှိကြဘူးလို့ ဆိုပါတယ်။ ဆေးပညာအဖွဲ့တွေရဲ့ လေ့လာတွေ့ရှိချက်အရ တကမ္ဘာလုံးမှာတော့ အသက် ၅၀ အထက် လူအယောက် ၁၀၀ မှာ လူအယောက် ၄၀ က သွေးတိုးရောဂါရှိနေတာပါ။

 ဒါ့အပြင်  မြန်မာနိုင်ငံမှာတော့ အသက်၁၈ နှစ်အထက် လူတွေမှာ ၃၀ ရာခိုင်နှုန်းက သွေးတိုးရောဂါရှိနေတာကို တွေ့ရှိရတယ်လို့ ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်မြို့ Melia ဟိုတယ်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံဆရာဝန်အသင်းရဲ့ မြန်မာနိုင်ငံ သွေးတိုးရောဂါအဖွဲ့ဖွဲ့တဲ့ မိတ်ဆက်ပွဲအခမ်းအနားမှာ မြန်မာနိုင်ငံ ဆေးပညာရှင်များအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာနေ၀င်းက ပြောပါတယ်။

ဒါ့အပြင် သွေးတိုးရောဂါ အချိန်မှီမကုသဘူးဆိုရင် အန္တရာယ်ကြီးမားပြီး  အသက်သေဆုံးတဲ့အထိ ဖြစ်ပေါ်တက်တာကြောင့် သတိပြုနေထိုင်ပြီး အစားအသောက်ကို ဆင်ခြင်စားသုံးဖို့ မြန်မာနိုင်ငံသွေးတိုးရောဂါအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမြင့်ဟန်က ပြောါပတ်ယ။

သွေးတိုးရောဂါကြောင့် ဖြစ်ပွားတက်တဲ့ နောက်ဆက်တွဲရောဂါဝေဒနာတွေကတော့ ဦးနှောက်သွေးပိတ်တာတွေ လေဖြတ်တာတွေ၊ နှလုံးသွေးကြောပိတ်ရောနဲ့ ကျောက်ကပ်အားနည်းတဲ့ စတဲ့ ရောဂါတွေလည်း ဖြစ်ပွားတက်ပါတယ်။ 

မြန်မာနိုင်ငံသွေးတိုးရောဂါအဖွဲ့ကိုတော့ သွေးတိုးရောဂါနဲ့ သက်ဆိုင်တဲ့ အသိပညာပေးတာတွေ၊ သွေးတိုးရောဂါဖြစ်ပွားမှုလျှော့ကျစေဖို့၊ သွေးတိုးရောဂါလူနာတွေကို ထိရောက်တဲ့ ကုသမှုတွေ ရရှိစေဖို့နဲ့ သွေးတိုးရောဂါကြောင့် နောက်ဆက်တွဲ ရောဂါဖြစ်ပွားမှုစတာတွေကို အသိပညာပေးတာတွေကို လုပ်ဆောင်ဖို့ ရည်ရွယ်ဖွဲ့စည်းတာလို့ သိရပါတယ်။

မြန်မာနိုင်ငံ သွေးတိုးရောဂါအဖွဲ့ကိုတော့ မတ်လ မေလ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံဆရာဝန်အသင်းက ခွင့်ပြုခဲ့ပြီး ဇွန်လ ၂၉ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတ။

သူဇာလင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013