DVB Logo
Home
မြန်မာသတင်း
တောင်ဥက္ကလာပတွင် လည်ပင်းဓားထောက် လုယက်ခဲ့သူများကို ဖမ်းမိ
DVB
·
July 7, 2019
တောင်ဥက္ကလာပတွင် လည်ပင်းဓားထောက် လုယက်ခဲ့သူများကို ဖမ်းမိ
Donate to DVB

ရန်ကုန်မှာ အငှားကားစီးသူကို ဓားထောက်လုယက်ခဲ့တဲ့ ယာဉ်မောင်းနဲ့ ကြံရာပါတွေကို စုံစမ်းဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

တောင်ဥက္ကလာပမြို့နယ်နေ ကိုကျော်ဇောဟာ ဇူလိုင်လ ၂ ရက်နေ့ မနက်အစောပိုင်း ၂ နာရီအချိန်က အိမ်ကိုပြန်ဖို့အတွက် ဝေဇယန္တာလမ်းနဲ့ မေတ္တာလမ်းထောင့်မှာ ကားတစီးကို ငွေ ၂၀၀၀ နဲ့ ငှားခဲ့ပါတယ်။

အဲဒီကားမှာ ယာဉ်မောင်းတယောက်နဲ့ ရှေ့ခန်းမှာ လူငယ်တယောက်ကို တွေ့ရပြီး သင်္ဃန်းကျွန်းမြို့နယ်၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးရှေ့အရောက်မှာတော့ နောက်ခန်းနဲ့ တဆက်တည်းရှိတဲ့ ကားနောက်ဖုံးထဲမှာ ပုန်းလိုက်လာသူ ၂ ယောက်က လည်ပင်းကို ဓားမြှောင်နဲ့ ထောက်ပြီး ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါကြောင့် ဘောင်းဘီအိတ်ထဲက ငွေ ၃ သိန်း ထုတ်ပေးခဲ့ပြီး ဖုန်းနဲ့နာရီကိုပါပေးဖို့ ပြောတာကြောင့် SAMSUNG S3 GEER အမျိုးအစားနာရီနဲ့ SAMSUNG S9 အမျိုးအစား လက်ကိုင်ဖုန်းတို့ကို ပေးခဲ့ရပါတယ်။

ပြီးတော့ ကားကိုဆက်မောင်းခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ကြီးပွားရေးရပ်ကွက်၊ ပန်းဈေးတန်းမရောက်ခင် လမ်းဘေးမှာ ကိုကျော်ဇောကို ကားပေါ်က တွန်းချခဲ့ပါတယ်။

ဒါကြောင့် သုဝဏ္ဏနယ်မြေရဲစခန်းမှာ အမှုတိုင်ကြားခဲ့ပြီး တပ်ဖွဲ့ဝင်တွေက စုံစမ်းရာမှာ ဒဂုံတောင်မြို့နယ်၊ ၆၅ ရပ်ကွက်နေ အသက် ၂၅ နှစ်အရွယ် ဇေယျာမျိုးမောင်၊ ၂၃ ရပ်ကွက်နေ ၁၈ နှစ်အရွယ် အတာ(ခ) ဘိုဖုချို၊ ၂၆ ရပ်ကွက်နေ ၂၆ နှစ်အရွယ် တိုးတိုးအောင်(ခ) ဇော်အောင်(ခ)တိုးကြီးနဲ့ အသက် ၂၇ နှစ်အရွယ် မျိုးသက်တို့ကို ဇူလိုင်လ ၅ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်မှာ ဖမ်းဆီးရမိတာကြောင့် သုဝဏ္ဏနယ်မြေရဲစခန်းမှာ စစ်ဆေးနေတယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013