DVB Logo
Home
မြန်မာသတင်း
ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်
DVB
·
July 7, 2019
ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်
Donate to DVB

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတခုဖြစ်တဲ့  ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်တယ်လို့ ယူနက်စကိုအဖွဲ့က ဇူလိုင် ၆ ရက်မှာ ကြေညာလိုက်ပါတယ်။

အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှာ ဇွန် ၃၀ ရက် မှ ဇူလိုင် ၁၀ ရက်အထိ ကျင်းပနေတဲ့ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့(UNESCO) ရဲ့ ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေးမှာ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်လိုက်တာပါ။

ပျူမြို့ဟောင်း ၃ မြို့ဖြစ်တဲ့ ဟန်လင်း၊ ဗိဿနိုးနဲ့ သရေခေတ္တရာ မြို့ဟောင်းတွေကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ ဇွန် ၂၂ ရက်က မြန်မာနိုင်ငံရဲ့ ပထမဆုံး ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပြီး အခု ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကတော့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် သတ်မှတ်ခံရတာပါ။

ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေး လုပ်ငန်းတွေဖြစ်တဲ့ သင်တန်းတွေ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေ၊ စီမံခန့်ခွဲရေးဆိုင်ရာအစည်းအဝေးတွေ၊ စာတွဲပြုစုရေးသားရေးဆိုင်ရာ အစည်းအဝေးတွေ၊ GIS Data ကောက်ယူရေး လုပ်ငန်းတွေ၊ သုတေသနဆိုင်ရာ အချက်အလက်တွေကောက်ယူတာ၊ ပြတိုက်သုတေသနပိုင်းဆိုင်ရာ အချက်အလက်တွေ ကောက်ယူတဲ့လုပ်ငန်းတွေကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ 

နေရာဒေသတခုခုကို ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းသွင်းမယ်ဆိုရင် ကမ္ဘာ့တန်ဖိုးသတ်မှတ်ချက် စံချိန်စံညွှန်း ၁၀ ချက်ထဲက အနည်းဆုံး ၂ ချက်နဲ့ ကိုက်ညီရတာဖြစ်ပါတယ်။

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို တည်ရှိနေဆဲဖြစ်တဲ့ (သို့မဟုတ်) ကွယ်ပျောက်သွားခဲ့တဲ့ ယဉ်ကျေးမှုဓလေ့ (သို့မဟုတ်) မြို့ပြယဉ်ကျေးမှုတခုရဲ့ အတုမရှိမှု (သို့မဟုတ်) ပြယုဂ်တခုအနေနဲ့ ကျန်ရှိနေတာ၊ လူ့သမိုင်းမှာ သိသာ ထင်ရှားရတဲ့ အဆင့်အတန်း၊ (သို့မဟုတ်) အဲဒီထက်ပိုပြီး ဖော်ပြပေးနိုင်တဲ့အဆောက်အအုံပုံစံတွေ၊ ဗိသုကာ လက်ရာ နည်းပညာဆိုင်ရာ အစိတ်အပိုင်းတွေ၊ ရေမြေဒေသတွေ၊ လူသား အားလုံးအသိအမှတ်ပြုလက်ခံနိုင်တဲ့ အရေးပါ ထင်ရှားမှုတွေ၊ ရှင်သန်နေဆဲထုံးဓလေ့တွေ၊ အတွေးအခေါ်တွေ၊ ယုံကြည်မှု၊ အနုပညာ၊ စာပေလက်ရာတွေနဲ့ ဆက်စပ်ဖြစ်ပျက်ခဲ့တာ စတဲ့ ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးတွေနဲ့ တင်ပြခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013