DVB Logo
Home
မြန်မာသတင်း
တာဝါတိုင်ပေါ် ဓာတ်အားလိုင်း သွယ်တန်းနေသည့် တရုတ်နိုင်ငံသား ၃ ဦး ပြုတ်ကျသေဆုံး
DVB
·
July 7, 2019
တာဝါတိုင်ပေါ် ဓာတ်အားလိုင်း သွယ်တန်းနေသည့် တရုတ်နိုင်ငံသား ၃ ဦး ပြုတ်ကျသေဆုံး
1 / 3
Donate to DVB

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၆၉/၆ နဲ့ ၇ အကြားမှာ ဇူလိုင် ၆ ရက် ညနေက 500 KV ဓာတ်အားလိုင်း သွယ်တန်းနေတဲ့ တရုတ်နိုင်ငံသား ၃ ဦး တာဝါတိုင်ပေါ်က ပြုတ်ကျ သေဆုံးသွားတယ်လို့ ညောင်ကုန်းရဲစခန်းက ပြောပါတယ်။

ညောင်ကုန်းရဲစခန်းတာဝန်ကျရဲဝန်ထမ်းတဦးက "500KV ဓာတ်အားလိုင်း တာဝါတိုင်ပေါ်ကို တရုတ်နိုင်ငံသား ၄ ဦးတက်တယ်၊ ၄ ဦးလုံးပြုတ်ကျတယ်။ ၂ ဦးကတော့ အခင်းဖြစ်နေရာမှာပဲ သေဆုံးတယ်၊ ၁ ဦးကတော့ မိတ္ထီလာဆေးရုံကို ပို့နေတုန်း လမ်းမှာပဲ သေဆုံးသွားတယ်၊ ပေါင်း ၃ ဦး သေဆုံးသွားတယ်။ ကျန် ၁ ဦးကတော့ ဆေးကုသမှူ ခံယူနေတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

မိတ္ထီလာ နဲ့ တောင်ငူ 500KV ဓာတ်အားလိုင်းအား တရုတ်ကုမ္ပဏီတခုက လုပ်ဆောင်နေတာဖြစ်ပြီး တိုင်အမှတ် ၉၁ မှာ လိုင်းကြိုးသွယ်တန်းရာ လိုင်းကြိုးတွေ တင်းအားများပြီး တိုင်မှ မူလီနတ်တွေ ပြုတ်ထွက် ပြိုကျတာကြောင့် တာဝါတိုင်ပေါ် ရောက်နေတဲ့ တရုတ်နိုင်ငံသားတွေ သေဆုံးခဲ့တာပါ။

သေဆုံးသွားသူတွေကတော့ Zi Fayou(၂၈နှစ်)၊ Li Wenquani (၂၉နှစ်)၊ He Kaili (၂၇နှစ်) တို့ သေဆုံးခဲ့တာဖြစ်ပြီး Yang Shi Hua ကတော့ မိတ္ထီလာဆေးရုံကနေ မန္တလေးဆေးရုံကို ပြောင်းပြီး ဆေးကုမှူခံယူနေပါတယ်။

ဒေသခံကိုတင်ထွန်းက “အဲတရုတ်ကုမ္ပဏီက မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက် နယ်မြေ(၁၁) ဓမ္မရုံလမ်းထဲမှာ အိမ်ငှားနေကြတယ်၊ လူ ၃၀ လောက်ရှိမယ် ထင်တယ်။ အလုပ်သွားလုပ်လိုက်၊ ပြန်လာလိုက် အဝင်အထွက်တွေ မြင်နေရတာပဲ" လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ တရုတ်နိုင်ငံသား ၃ ဦးကို လူမှူကူညီရေးအသင်းကားနဲ့ မန္တလေးဆေးရုံကို ပို့ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013