DVB Logo
Home
မြန်မာသတင်း
အစိုးရသက်တမ်းမကုန်မီ ပြည်သူအကျိုးရှိ စီမံကိန်းများတင်သွင်းကြရန် မန်းဝန်ကြီးချုပ် တိုက်တွန်း
DVB
·
July 7, 2019
အစိုးရသက်တမ်းမကုန်မီ ပြည်သူအကျိုးရှိ စီမံကိန်းများတင်သွင်းကြရန် မန်းဝန်ကြီးချုပ် တိုက်တွန်း
Donate to DVB

လက်ရှိအစိုးရရဲ့ ကျန်သက်တမ်းကာလ တနှစ်ခွဲခန့်အတွင်း ပြည်သူတွေ အကျိုးရှိမယ့် စီမံကိန်းတွေကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီဝင်တွေ ပူးပေါင်းတင်သွင်းကြဖို့ မန္တ​လေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုက်တွန်းလိုက်ပါတယ်။

ကျန်သက်တမ်းကာလအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ပါတီကို အသိပေးတိုင်ပင်ပြီး လိုအပ်ချက်တွေကို ရေးဆွဲတင်သွင်းစေချင်တယ်လို့ ပြောပါတယ်။

နိုင်ငံတော် သမ္မတကလည်း ၂၀၁၉-၂၀၂၀ ဘက်ဂျက်မှာ ပြည်သူလူထုကို အကျိုးဖြစ်ထွန်းစေမယ့် လုပ်ငန်းတွေကို ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့အညီ ဆောင်ရွက်ပေးဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ အောက်ခြေမှာရှိတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတွေကနေ သမားရိုးကျ တင်ပြတာထက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီပူးပေါင်းပြီး မြို့နယ်နဲ့ပြည်သူအတွက် အကောင်းဆုံးနဲ့ အလုပ်သင့်ဆုံးစီမံကိန်းတွေကို စဉ်းစားပြီး တိုင်းဒေသကြီး အစိုးရထံ တင်ပြစေချင်တယ်လို့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

တိုင်းဒေသကြီး ဘက်ဂျက်နဲ့ဆောင်ရွက်မယ့် လုပ်ငန်းတွေဖြစ်တဲ့အတွက် ဝန်ကြီးချုပ်အနေနဲ့ အခုလိုပြောပိုင်ခွင့်ရှိပြီး မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး သုံးစွဲဖို့ ဆောင်ရွက်ပေးမယ်လို့လည်း ပြောပါတယ်။

မန္တ​လေးခရိုင်အတွင်း မြို့နယ်ခြောက်ခုကိုတော့ မြို့တော်စည်ပင်သာယာရေး ကော်မတီကို လွှဲအပ်ထားတာကြောင့် လိုအပ်တဲ့ စီမံကိန်းတချို့ကို တင်ပြလာပါက ဆောင်ရွက်ပေးဖို့ ထည့်သွင်းစဉ်းစားမယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

တိုင်းဒေသကြီးအတွင်း ကျန်တဲ့မြို့နယ်တွေအနေနဲ့ မြို့နယ်အလိုက် ကိုယ့်အခွင့်အရေးကို ရမှာဖြစ်တယ်လို့် ဆိုပါတယ်။ တိုင်းဒေသကြီး ဆန္ဒနယ်တွေက ကိုယ်စားလှယ်တွေဟာ မဲ ဆန္ဒနယ် တခုထက်တခု ဘက်ဂျက် ပိုရရှိမှု အနည်းအများ ပမာဏ ဝေဖန်နေကြတာကိုလည်း ကြားသိနေရပြီး အဲ့ဒီလို ပြောကြားတာတွေအပေါ်မှာလည်း စိတ်မကောင်း ဖြစ်မိတယ်လို ဆိုပါတယ်။

ဒါ့အပြင် ကိုယ်စားလှယ်တွေအနေနဲ့ ငါ့ကြောင့် ဘတ်ဂျက်ပိုရတယ်လို့ ဆိုရှယ်မီဒီယာပေါ် တင်တာမျိုးတွေ မပြုလုပ်ကြဖို့နဲ့ ဆိုရှယ်မီဒီယာသုံးစွဲရာမှာလည်း ကိုယ့်ပါတီပုံရိပ်ကို မထိခိုက်ဖို့ သိမ်သိမ်မွေ့မွေ့ သုံးစေချင်တယ်လို့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဇူလိုင် ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အစိုးရ၊ လွှတ်တော်နဲ့ ပါတီ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013