DVB Logo
Home
မြန်မာသတင်း
ကလေးသူငယ်အခွင့်အရေးဥပဒေပါ ကလေးမွေးစားခြင်း အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်မရ
DVB
·
July 6, 2019
ကလေးသူငယ်အခွင့်အရေးဥပဒေပါ ကလေးမွေးစားခြင်း အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်မရ
Donate to DVB

ဆန္ဒဖော်ထုတ်ကန့်ကွက်နေကြတဲ့ ကလေးသူငယ်အခွင့်အရေးဥပဒေပါ ကလေးမွေးစားတာနဲ့ ပတ်သက်လို့ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ရမှာမဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။

မနေ့က သမ္မတအိမ်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

“လတ်တလောမှာ တော်တော်များများမှာ ဆန္ဒပြတာတွေ ဖြစ်နေပါတယ်။ အဓိက ရှင်းချင်တာကတော့ မွေးစာရင်းပေါ့။ မွေးစားရင်းပေါ်မှာဘာပါလဲဆိုတော့ အနီနဲ့ ရေးထားပါတယ်။ ‘ဤလက်မှတ်သည် နိုင်ငံသားဖြစ်မှုအတွက် သက်သေခံအလျဉ်းမဖြစ်စေရ’ ဆိုတာ ပါပါတယ်။ ဆိုလိုတာက ဒါသည် နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းနဲ့ မဆိုင်ပါဘူး။ မွေးဖွားတဲ့ အချက်အလက် အထောက်အထားသာ ဖြစ်တယ်ဆိုတဲ့သဘောဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

ဒါဟာ ကလေးရဲ့ အသက်အထောက်အထားအဖြစ် ထုတ်ပေးတာဖြစ်ပြီး မွေးစားရင်းဟာ ကလေးသူငယ် အခွင့်အရေးဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

မွေးစားတာဟာ မိသားစုအရေးကိစ္စဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့်ကတော့ နိုင်ငံတော်နဲ့ ဆိုင်လာပြီလို့ သူက ဆိုပါတယ်။

“မွေးစားတဲ့ကလေး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ပုဒ်မ ၂၂ မွေးဖွားကြောင်းမှတ်ပုံတင်သည့် ကလေးသူငယ်တိုင်းသည် နိုင်ငံသားဖြစ်မှုဆိုင်ရာ အခွင့်အရေးကို တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ရရှိစေရမည်လို့ ဆိုထားပါတယ်။ တည်ဆဲဥပဒေဆိုတာ ၁၉၈၂ နိုင်ငံသားဥပဒေပါ။ ဘယ်လိုပဲမွေးစားသည်ဖြစ်စေ၊ နိုင်ငံသားမဟုတ်တဲ့ ကလေးငယ်က ဘယ်လိုနည်းနဲ့မှ နိုင်ငံသား မဟုတ်ပါဘူး” လို့ ပြောပါတယ်။

၁၉၈၂ ဥပဒေမှာ မွေးစားခံရသူဟာ အလိုအလျောက် နိုင်ငံသားဖြစ်မလာဘူးလို့ ပြဋ္ဌာန်း ထားတယ်လို့လည်း သူက ဆိုပါတယ်။

ဒီဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုထားပြီး ပြဋ္ဌာန်းထုတ်ပြန်နိုင်ဖို့ နိုင်ငံတော်သမ္မတဆီကို ပေးပို့ခဲ့ပြီးနောက် သမ္မတက သဘောထားမှတ်ချက် ၃ ခုနဲ့ လွှတ်တော်ကို ပြန်ပို့ထားပါတယ်။

အဲဒီသဘောထားမှတ်ချက်တွေကတော့ ဥပဒေပါ ယာယီစောင့်ရှောက်ရေးဂေဟာဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ ဝန်ကြီးဌာနဆိုတဲ့စကားရပ် နဲ့ပတ်သက်လို့ ထုတ်ပယ်သင့် မသင့်၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဆိုတဲ့ စကားရပ်နဲ့ပတ်သက်ပြီး ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းလို့ ပြင်ဆင်သင့်၊ မသင့်၊ ဥပဒေကြမ်း အပိုဒ် ၇၆ အရေးအသားပိုင်းဆိုင်ရာ ပြင်ဆင်ဖို့ မှတ်ချက်တွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013