DVB Logo
Home
မြန်မာသတင်း
ကေအန်ယူ ကွန်ဂရက် စတင်ကျင်းပ
DVB
·
November 27, 2012
ကေအန်ယူ ကွန်ဂရက် စတင်ကျင်းပ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံးရဲ့ ၁၅ ကြိမ်မြောက် ညီလာခံကို  ကရင်ပြည်နယ် ဘားအံခရိုင် လေးဝါးစခန်းမှာ မနေ့က စတင်ကျင်းပနေပြီး အနည်းဆုံး နှစ်ပတ် ကျင်းပဖို့ရှိ တယ်လို့ ကေအန်ယူ တာဝန်ရှိသူတဦးက ပြောပါတယ်။

မနေ့က စတင်လိုက်တဲ့ ညီလာခံအတွင်း ကေအန်ယူ လက်ရှိ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောတာမလာဘောက လာမယ့် အနာဂတ်ဦးဆောင်မှုမှာ ပါဝင်တော့မှာ မဟုတ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ကြီး တာမလာဘောအနေနဲ့ သူ့ရဲ့ကျန်းမာရေးနဲ့ အသက်အရွယ်ကြောင့် အရွေးခံတော့မှာမဟုတ်ဘူးလို့ ကေအန်ယူ ဗဟိုကော်မီတီ တဦးက ပြောပါတယ်။

၁၅ ကြိမ်မြောက် ကေအန်ယူညီလာခံကို ဗဟိုကော်မတီအပါအ၀င် အဖွဲ့ဝင်ပေါင်း ၂၀၀ လောက်နဲ့ လေ့လာသူတချို့လည်း တက်ရောက်ခဲ့ပါတယ်။ အဖွဲ့ခေါင်းဆောင်သစ်တွေကိုတော့ ညီလာခံရဲ့ နောက်ဆုံးနေ့မှာ ရွေးချယ်ဖို့ ပြင်ထားပါတယ်။

ဘယ်သူ ဥက္ကဋ္ဌဖြစ်လာမယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် လက်ရှိ ကေအန်ယူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဥက္ကဋ္ဌ ဖြစ်လာဖွယ်ရှိတယ်လို့ ခန်းမှန်းပြောဆိုမှုတွေ ရှိနေပါ တယ်။

စစ်ဦးချုပ်အနေနဲ့ ကေအန်ယူ တပ်မဟာ ၅ မှူး ဗိုလ်မှူးချုပ် ဘောကျော်ဟဲနဲ့ တပ်မဟာ ၇ မှူး ဗိုလ်မှူးချုပ် ဂျော်နီတို့ နှစ်ဦးထဲက တဦး ရွေးချယ်ခံရနိုင်တယ်လို့ ခန်းမှန်း ပြောဆိုမှုတွေ ရှိနေပါတယ်။

ကေအန်ယူ ဖွဲ့စည်းပုံဥပဒေအရ ညီလာခံသက်တမ်းကို ၄ နှစ်တကြိမ် သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013