DVB Logo
Home
မြန်မာသတင်း
Wisdom Hill မူကြိုကျောင်းသူအမှု အမှုမှန်ပေါ်ရေးနှင့် သက်ငယ်မုဒိမ်း ပပျောက်ရေး တောင်ကြီး တွင် ဆန္ဒပြ
DVB
·
July 6, 2019
Wisdom Hill မူကြိုကျောင်းသူအမှု အမှုမှန်ပေါ်ရေးနှင့် သက်ငယ်မုဒိမ်း ပပျောက်ရေး တောင်ကြီး တွင် ဆန္ဒပြ
Donate to DVB

နေပြည်တော် Wisdom Hill မူကြိုမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ မိန်းကလေးငယ်အတွက် အမှုမှန်​​ပေါ်​ပေါက်​​ရေးနဲ့ သက်​ငယ်​မုဒိန်းပ​ပျောက်​​ရေး ​တောင်​ကြီးမြို့မှာ ဒီနေ့ လမ်း​လျှောက်​ဆန္ဒပြခဲ့ကြပါတယ်​။

တောင်​ကြီးမြို့ ဗိုလ်​ချုပ်​​အောင်​ဆန်း ပန်းခြံမှ စူဠာမုနိဘုရားထိ လမ်း​လျှောက်​ဆန္ဒပြခဲ့ကြပြီး သက်​ငယ်​မုဒိန်း ကျူးလွန်​သူကို ဥပ​ဒေ​အရ ထိထိ​ရောက်​​ရောက်​အ​ရေးယူ​ပေးဖို့ ​တောင်းဆိုကြပါတယ်​။

ကျောင်းသားလူငယ်​​တွေဦး​ဆောင်​ပြီး လူအင်​အား ၁၀၀ ဝန်းကျင်​ လမ်း​လျောက်​ ဆန္ဒပြပြီး အမှုမှန်​​ပေါ်​ပေါက်​ဖို့ စူဠာမုနိဘုရားမှာ ဆု​တောင်း​မေတ္တာပို့ခဲ့ကြတာပါ။

အမှုမှန်​​ပေါ်​ပေါက်​ဖို့ အရပ်​ဘက်​လူမှုအဖွဲ့အစည်းနဲ့ ထပ်​မံဆန္ဒပြ​တောင်းဆိုသွားဖို့ရှိတယ်​လို့ သိရပါတယ်​။

နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလက မူကြိုကျောင်းမှာ မေ ၁၇ ရက်နေ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တယောက် မဖွယ်မရာပြုကျင့်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားတဲ့အကြောင်း ဒက္ခိဏခရိုင် တရားရုံး၊ ဒုတိယတရားသူကြီး ဦးညိုဌေးက အတည်ပြု ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013