DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များအား တိုင်ကြားမှု အများအပြားရှိဟု မန္တလေးတိုင်း ဝန်ကြီးချုပ်ပြော
DVB
·
July 6, 2019
ဝန်ကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များအား တိုင်ကြားမှု အများအပြားရှိဟု မန္တလေးတိုင်း ဝန်ကြီးချုပ်ပြော
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အစိုးရ တာဝန်ယူထားတဲ့ သုံးနှစ်ကျော်ကာလအတွင်း ဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်ကြားမှု အများအပြား ရှိခဲ့တယ်လို့ မန္တ​လေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောဆိုလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မန္တ​လေးတိုင်း) နဲ့ ပြည်သူ၊ အစိုးရ၊ လွှတ်တော် တွေ့ဆုံပွဲကို ဇူလိုင် ၅ ရက်နေ့က မန္တ​လေးမြို့၊ လမ်း ၈၀ ယူနန်ဘုံကျောင်းမှာ ကျင်းပပြုလုပ်ခဲ့စဉ် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပါတီရဲ့ လစဉ်ပုံမှန် CEC အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ကြီးတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ ဖတ်ကြားရပြီး တိုင်ကြားမှုတွေ ပိုများလာတယ်လို့ ဆိုပါတယ်။

ဒီလိုတိုင်ကြားခံရတာကြောင့် တိုင်ကြားခံရသူတွေရဲ့ ပုံရိပ်နဲ့ ပါတီကိုပါ ထိခိုက်နိုင်စေတာမို့ တိုင်ကြားမှု မှန်ကန်ပါက ပါတီစည်းကမ်းထိန်းသိမ်းရေးအရ အရေးယူမယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ဒီလိုတိုင်ကြားမှုတွေ အများအပြားရှိပေမယ့် မန္တ​လေးတိုင်းဒေသကြီး အတွင်းမှာတော့ ဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်ကြားမှုဟာ အခြားတိုင်းနဲ့ ပြည်နယ်တွေထက် နည်းပါးတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေအပေါ် အကဲဖြတ်မှတ်တမ်းထွက်ရှိပြီဖြစ်တယ်လို့် သိရပါတယ်။

အခုလို တိုင်ကြားမှုတွေရှိခဲ့ပေမယ့် ဘယ်လိုအကြောင်းအရာမျိုးတွေနဲ့ ဘယ်နှဦး တိုင်ကြားခံခဲ့ရတယ်ဆိုတာကိုတော့ ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့ခြင်းမရှိပါဘူး။

ကျန်တဲ့အစိုးရ သက်တမ်း တနှစ်ခွဲခန့် ကာလအတွင်း ပြည်သူလူထုရဲ့ လူမှုဘဝမြှင့်တင်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးကို အားသွန်ခွန်စိုက် ပြုလုပ်ကြဖို့ကိုလည်း ဒေါက်တာဇော်မြင့်မောင်က လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းခဲ့ပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013