DVB Logo
Home
မြန်မာသတင်း
မြောက်ပိုင်း ၄ ဖွဲ့နဲ့ တွေ့ဆုံရန် ညှိနှိုင်းနေဟု ဦးဇော်ဌေးပြော
DVB
·
July 6, 2019
မြောက်ပိုင်း ၄ ဖွဲ့နဲ့ တွေ့ဆုံရန် ညှိနှိုင်းနေဟု ဦးဇော်ဌေးပြော
Donate to DVB

မြောက်ပိုင်း ၄ ဖွဲ့နဲ့ တွေ့ဆုံဖို့ ညှိနှိုင်းဆောင်ရွက်နေပြီး အာစီအက်စ်အက်စ်၊ ကေအန်ပီပီ၊ ကေအန်ယူ (ကရင်အမျိုးသားအစည်းအရုံး) အဖွဲ့တွေနဲ့ ရက်ပိုင်းအတွင်း တွေ့ဆုံသွားဖို့ရှိတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

“မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့ ၄ ဖွဲ့ကတော့ ပြီးခဲ့တဲ့ မိုင်းလားမှာတော့ ဒီအစိုးရ ကိုယ်စားလှယ်အဖွဲ့ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ နောက် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူးဗိုလ်ချုပ်ကြီးခင်ဇော်ဦး သူတို့ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ပါတယ်။ တွေ့ပြီးတော့ အစိုးရဘက်က Bilateral Cease Fire agreement နဲ့ ပတ်သက်တဲ့ မူကြမ်းတွေ ပေးပို့ထားပြီးဖြစ်ပါတယ်။ ပေးပို့ထားတဲ့အပေါ်မှာ သူတို့အဖွဲ့လေးဖွဲ့က ပြန်ပြီးတော့ သုံးသပ်မှာဖြစ်ပါတယ်"လို့ ဦးဇော်ဌေးက ပြောပါတယ်။

အဲ့ဒီအဖွဲ့ ၄ ဖွဲ့ကို ဇူလိုင် ၁၄၊ ၁၅ ရက်နေ့မှာ အစောဆုံးပြန်ပြီး အကြောင်းကြားပေးဖို့နဲ့ နောက်ကျအဆုံး ဇူလိုင်လကုန်ပိုင်းမှာတော့ တွေ့ဖို့ နေရာရက်စွဲတွေကို ပြန်ကြားပေးဖို့ ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့မှာတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) မှာ လက်မှတ်ထိုးပြီးသားဖြစ်တဲ့အဖွဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (အာစီအက်စ်အက်စ်) နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (အန်အာပီစီ) တို့ဟာ နေပြည်တော်မှာတွေ့ဆုံမှာဖြစ်ပြီး ဇူလိုင်လ ၁၂ ရက်နေ့မှာတော့ အာစီအက်စ်အက်စ် အဖွဲ့ဟာ တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နဲ့ တွေ့ဆုံသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဒါအပြင် အန်စီအေမှာ ပါဝင်လက်မှတ်ရေးထိုးထားမှုမရှိသေးတဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) အဖွဲ့နဲ့လည်း ဇူလိုင် ၁၇ ရက်နေ့မှာ အန်အာပီစီတို့ တွေ့ဆုံသွားဦးမှာဖြစ်ပြီး အဲ့ဒီအဖွဲ့ဟာလည်း ဇူလိုင်လ ၁၈ ရက်နေ့မှာ တပ်မတော်နဲ့ တွေ့ဆုံနိုင်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013