DVB Logo
Home
မြန်မာသတင်း
ရဲနှင့်သစ်တောဝန်ထမ်းများ စီးနင်းလာသည့်ကားကို သစ်ခိုးသမားများက ဓားကိုင်နှောင့်ယှက်
DVB
·
July 5, 2019
ရဲနှင့်သစ်တောဝန်ထမ်းများ စီးနင်းလာသည့်ကားကို သစ်ခိုးသမားများက ဓားကိုင်နှောင့်ယှက်
Donate to DVB

သစ်ခိုးထုတ်တဲ့ကားတွေကို ဖမ်းဆီးပြီးပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ပါတဲ့ သစ်တောဌာနအဖွဲ့တွေကို သစ်ခိုးသူတွေက လမ်းကနေ ဖြတ်ပြီး ဓားတွေကိုင်ဆောင် တားဆီး နှောင့်ယှက်ခဲ့ပါတယ်။

ဇွန်လ ၂၉ ရက်က ပေါက်ခေါင်းမြို့နယ် သစ်တောဦးအဖွဲ့နဲ့ အုပ်တွင်းသစ်တောဌာနတို့ ပူးပေါင်းပြီး ပဲခူးရိုးမပေါ် နယ်မြေရှင်းလင်းရေးသွားရင်း သစ်ခိုးထုတ်တဲ့ကား ၃ စီးဖမ်းမိခဲ့ကာ၊ အပြန်မှာ သစ်တောဌာနပိုင် ဘော်ဒါလို့အမည်ပေးထားတဲ့ တောတွင်းစခန်းကို သစ်ခိုးသူတွေ အဖွဲ့လိုက်ရောက်လာပြီး ၀န်ထမ်းတွေကို ရန်ပြုပြီး ကားတွေကိုပြန်ပေးဖို့ ခြိမ်းခြောက်ခဲ့တာလို့ ပေါက်ခေါင်းမြို့နယ် သစ်တောဌာနက သိရပါတယ်။

Super Custom ခဲရောင်ကား ၂ စီး၊ HIACE ကား ၃ စီးနဲ့ ကျွန်းသစ် ၁၀ တန်ကျော်ကို နယ်မြေရှင်းလင်းရေးသွားရင်းနဲ့ သစ်တောဦးစီးဌာနက ပဲခူးရိုးမပေါ်က ပေါက်ခေါင်းမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်ထဲမှာ ဖမ်းဆီးမိခဲ့တာပါ။

ဒီလို ဖမ်းဆီးပြီးအပြန်မှာ သစ်တောစခန်းရှေ့ထိ အုပ်စုဖွဲ့ခြိမ်းခြောက်ပြီးနောက် ပဲခူးရိုးမတောင်ပေါ်က ပေါ်လန်ကြီးစခန်းအနားက မျှစ်ချဉ်တောင်ထိပ်ကားလမ်းမပေါ်ကနေ Caldina အဖြူရောင်ကားတစီးနဲ့ ဓားတွေကိုင်ဆောင်ထားတဲ့ လူအုပ်စုတစုက ထပ်ပြီးလမ်းကို ကန့်လန့်ဖြတ်ပိတ်ပြီး တားဆီးနေတာကြောင့် ကွေ့ပတ်ပြီးကားကို အတင်းမောင်းပြေးခဲ့ရတယ်လို့ ပြည်ခရိုင်သစ်တောဦးစီးမှူး ဦးမြင့်သိန်းထွန်းကပြောပါတယ်၊

အဲဒီကားပေါ်မှာ သစ်တောဝန်ထမ်း ၃ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးလိုက်ပါလာတာဖြစ်ပြီး လူတွေတော့ ထိခိုက်ဒဏ်ရာရခဲ့တာမရှိပါဘူး။ အဆိုပါ သစ်ခိုးတဲ့အုပ်စုက ပေါင်းတည်မြို့နယ်ထဲ ကဖြစ်တယ်လို့  အမည်မဖေါ်လိုသူ ဒေသခံတယောက်ကပြောပါတယ်။

ဒီအမှုကို ပေါက်ခေါင်းမြို့မရဲစခန်းက (ပ)၁၃၆/ ၂၀၁၉ ၊ ၀တ္တရားနှောက်ယှက်မှု တားဆီးပိတ်ပင်မှု ပုဒ်မ ၃၅၃/ ၃၄၁ တွေနဲ့ လူ ၇ ယောက်ကိုအမှုဖွင့်ထားပြီး လိုက်လံ ဖမ်းဆီးဖို့ လုပ်နေတယ်လို့ ပေါက်ခေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးသောင်းညွှန့်က ပြောပါတယ်

သတင်း- မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013