DVB Logo
Home
မြန်မာသတင်း
ကရင်နီလူငယ် ၆ ဦးကို တတိယအကြိမ်ရုံးထုတ် တရားလိုပြသက်သေကို စစ်ဆေး
DVB
·
July 5, 2019
ကရင်နီလူငယ် ၆ ဦးကို တတိယအကြိမ်ရုံးထုတ် တရားလိုပြသက်သေကို စစ်ဆေး
Donate to DVB

ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀နဲ့ တရားစွဲခံထားရတဲ့ ကရင်နီ လူငယ် ၆ ဦးကို ဒီကနေ့ တတိယအကြိမ် မြောက်ရုံးထုတ်ပါတယ်။

ဒီကနေ့ ရုံးထုတ်မှာ တရားလိုဘက်က သက်သေတဦးကို စစ်ဆေးခဲ့ပြီး လာမယ့်အပတ်ကစပြီး ကြာသပတေး နေ့တိုင်းကို တရားရုံးချိန်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒီကနေ့ ရုံးချိန်းအပြီးမှာတော့ တရားစွဲဆိုခဲ့ရတဲ့လူငယ်တဦးဖြစ်တဲ့ ဒီးဒီ (ခ) စစ်မုန်းကတော့ သူတို့အနေနဲ့ ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့တာဟာ ပုဂ္ဂိုလ်ရေးအရ ထုတ်ပြန်ခဲ့တာမဟုတ်ဘဲ နိုင်ငံရေးအရ ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့က နိုင်ငံရေးအရ ထုတ်ခြင်းဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဥပဒေအရ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံရေးဆိုရာ ဥပဒေဖြစ်တယ်ပေါ့နော်။ ဆိုတော့ ကျနော်တို့ နိုင်ငံရေးအရ ထုတ်တာဖြစ်တဲ့အတွက်ပုဂ္ဂိုလ်ရေးအရ မဟုတ်ဘူးပေါ့နော်။ နောက်တခုက ပုဂ္ဂိုလ်ရေးအရ ဦးအယ်လ်ဖောင်းရှိုနဲ့ ဦးမော်တို့ကိုထိခိုက်လို့ တရားစွဲတယ်လို့ ပြောတယ်။ ဦးအယ်လ်ဖောင်းရှိုနဲ့ ဦးမော်တို့ဟာ ၀န်ကြီးချုပ်တွေ၊ ၀န်ကြီးတွေ အစိုးရသာမဖြစ်ရင် ကြေးရုပ်ကို သူတို့ တည်ဆောက်နိုင်မှာမဟုတ်ပါဘူး။ သူတို့က ဒီနိုင်ငံရေးရာထူးရရှိထားလို့ အဲဒီရုပ်တုကို အသုံးချပြီးမှ ကြေးရုပ်တည်ဆောက်ခဲ့ခြင်းဖြစ်တယ်။ ဆိုတော့ ကြေးရုပ်က ပုဂ္ဂိုလ်ရေးရာ မဟုတ်ပါဘူး။ ကြေးရုပ်တည်ဆောက်တာ ပုဂ္ဂိုလ်ရေးနဲ့မဆိုင်ဘူး။ ဒါက ကျနော်တို့ နိုင်ငံရေး၊ အမျိုးသားရေးနဲ့ ဆိုင်တဲ့အတွက်ကြောင့်  ကျနော်က နိုင်ငံရေးအရ၊ အမျိုးသားရေးအရ စွဲတယ်။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာမဟုတ်ဘူး။ နိုင်ငံရေးအရ ထောက်ပြတဲ့အနေနဲ့ ဒီလို ထုတ်ခြင်းဖြစ်တယ်ပေါ့နော်။ ”

ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီတို့ကို  နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီ အမျိုးသား သစ္စာဖောက်ဆိုပြီး ကရင်နီ လူငယ်တွေက မတ် ၂၅ ရက်က ထုတ်ပြန်ကြေညာရာမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် လူငယ် ၆ ဦးကို ပြည်နယ်အစိုးရက တရားစွဲခဲ့တာပါ။

အဲဒီကြေညာချက်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ လူငယ် ၆ ဦးဖြစ်တဲ့ ကိုစစ်မုန်း(ခ) ဒီးဒီ၊ မျိုးလှိုင်ဝင်း၊ ဂျွန်ပေါလ်၊ ခူးရီးဒူ၊ ခူးကြူးဖဲကေး၊ ခွန်းသောမတ်စ်တို့ကို ပြည်နယ်အစိုးရက ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ နဲ့ မေလ ၁၆ ရက်နေ့မှာ တရားစွဲဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013