DVB Logo
Home
Lead Story
Wisdom Hill ကျောင်းအမှုကိစ္စ ဒုခရိုင် တရားသူကြီး ဦးညိုဌေးဖြေကြားချက် (ရုပ်သံ)
DVB
·
July 4, 2019
Wisdom Hill ကျောင်းအမှုကိစ္စ ဒုခရိုင် တရားသူကြီး ဦးညိုဌေးဖြေကြားချက် (ရုပ်သံ)
Donate to DVB

နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလကကျောင်းမှာ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် တဦး မဖွယ်မရာပြုကျင့်ခံခဲ့ရမှုနဲ့ ပတ်သက်လို့ ယာဉ်မောင်း ကိုအောင်ကျော်မျိုး(ခေါ်) အောင်ကြီးကို ရဲတပ်ဖွဲ့က  ဒီကနေ့ ဇူလိုင် ၄ ရက်မှာ ဖမ်းဆီးတရားစွဲလိုက်ပါတယ်။

ဒီအမှုကတော့ ကလေးမိခင်ကနေပြီးတော့ တိုင်တန်းလို့ ရဲတပ်ဖွဲ့က လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ယာဉ်မောင်း ကိုအောင်ကျော်မျိုး(ခေါ်) အောင်ကြီးကို ပုဒ်မ-၃၇၆ နဲ့ တရားစွဲဆိုထားတာဖြစ်တယ်လို့ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိခရိုင် ဒုတိယခရိုင် တရားသူကြီး ဦးညိုဌေးက သတင်းထောက်တွေကို ပြောပါတယ်။

သတင်းထောက်များ၏ မေးမြန်းချက်အပေါ် ဒုတိယခရိုင် တရားသူကြီး ဦးညိုဌေးရဲ့  ဖြေကြားချက် အပြည့်အစုံ

မေး - တရားရုံးကို ဘယ်နေ့က ရောက်တာလဲ။

ဖြေ -“တရားရုံးကို ဒီနေ့ရောက်လာပြီးတော့ တရားခံကို အမှုအကျဉ်းချုပ်ကို ရှင်းပြပါတယ်။ ရှင်းပြပြီးတော့ သူ့ခုခံရေးအပြည့်အဝရရှိအောင် အကျိုးဆောင်ငှားရမ်းရင်လည်း ငှားရမ်းနိုင်အောင် ဆိုပြီးတော့ ရုံးချိန်းကို ၁၅ ရက်နေ့ကို ချိန်းပေးထားတာပါ။”

မေး - တရားခံက ကျောင်းကားမောင်းတဲ့ ယာဉ်မောင်းလို့ သိရပါတယ်တယ်။ ဟုတ်ပါသလား။

ဖြေ - သူ့ပြောပြချက်လေးတွေအရပဲ သိရသေးတာပေါ့။ အမှုက စစ်ဆေးမကြည့်ရသေး တော့ အတိအကျမသိရသေးဘူး။ သူ့ကိုစွဲဆိုထားတဲ့ အမှုအကျဉ်းချုပ်လေးပဲ ကျနော်တို့က ရှင်းပြလို့ ရဦးမယ်။ သူ့ကိုမှန်တယ် မှားတယ်ဆိုတာကိုလည်း တရားလိုနဲ့ တရားလိုပြသက်သေ တွေနဲ့ စစ်ပြမယ်။ စစ်ပြပြီး အမှန်အမှားကို ရှေ့နေတွေနဲ့ ခုခံကာကွယ်ပေးပါ။ ပြောချင်တာပြောခွင့် ပေးမယ်ဆိုပြီးတော့ အခွင့်အရေးပေးထားပါတယ်။ 

မေး - လောလောဆယ် တရားခံကို ရဲကဖမ်းထားတာလား။

ဖြေ - ဟုတ်ကဲ့။ သူတို့ စုံစမ်းဖော်ထုတ်ပြီးတော့ တရားစွဲဆို တင်ပို့ထားတာပေါ့။ ဒီနေ့ ချုပ်ရမန်ယူသွားတာဆိုတော့ တရားစတင် စွဲဆိုပြီပေါ့။ သူ့ကို တရားစွဲဆိုပြီဆိုတော့ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ သူ့ကိုစတင် စစ်ဆေးသွားမှာပေါ့။ 

မေး - ဘယ်လိုပုဒ်မမျိုးတွေ တပ်စွဲထားတာလဲခင်ဗျ။

ဖြေ - ပုဒ်မကတော့ ၃၇၆ ပေါ့။ သက်ငယ်မုဒိမ်းဖြစ်တဲ့အတွက် ခရိုင်တရားရုံးက စစ်ဆေးတာ ဖြစ်ပါတယ်။ ပုဒ်မ ၃၆၇ က ပုံမှန်ဆိုရင်တော့ မြို့နယ်တရားရုံးတွေက စစ်ဆေးသွားတာ ဖြစ်ပါတယ်။ ဒီလိုအမှုတွေကတော့ ပြစ်မှုကျူးလွန်တာမှန်ရင် ထိရောက်နိုင်လောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်လို့ရအောင် ကျနော်တို့ ခရိုင်တရားရုံးကနေ စစ်ဆေး သွားခြင်းဖြစ်ပါတယ်။

မေး - အခုတရားခံက ဟိုတလောက သံသယရှိလို့ ဖမ်းဆီးထားပြီး ပြန်လွတ်လာတဲ့သူပဲလား။

“အဲဒီဟာတွေကတော့ ကျနော်တို့ကိုတော့ ဘာမှ သူလည်း မတင်ပြသေးဘူးဗျ။ ဒါကတော့ စစ်ဆေးလာရင် အဖြေပေါ်ပါလိမ့်မယ်။ သူ့တင်ပြစရာတင်ပြခိုင်းတော့ ဘာမှတော့ မတင်ပြလာသေးဘူး။ မတင်ပြလာသေးတော့ ကျနော်တို့က အမှုစစ်တွေလည်း မစစ်ရသေး တော့ သူ့အရင်က ဖမ်းဖူးသလား၊ မဖမ်းဖူးဘူးလားတော့ အမှုမှန်မပေါ်ပေါက်သေးတော့ မဖြေပြ တတ်သေးတာပါ။ အမှုက စစ်ဆေးမကြည့်ရသေးတော့ သူ့ရဲ့Biography ပိုင်းက ကောင်းကောင်း မသိရသေးဘူးပေါ့။ အခုတော့ ပုံသဏ္ဌာန်အမှန် အောင်ကျော်မျိုး ဟုတ်သလား၊ အဖနာမည် ဟုတ်သလား၊ သူ့ကို စွဲဆိုထားတဲ့ အမှုအကျဉ်းချုပ်ကလေးပဲ ရှင်းပြလို့ ရသေးတယ်။ သူ့ကို မှန်တယ် မှားတယ်ဆိုတာလည်းပဲ ဒီတရားလိုနဲ့ တရားပြသက်သေတွေကို စစ်ပြမယ်၊ စစ်ပြရင် မှန် မှား ရှေ့နေတွေနဲ့ ခုခံကာကွယ်ပေးပါ။ ပြောချင်တာ ပြောခွင့် အပြည့်အ၀ပေးမယ်ဆိုပြီး အခွင့်အရေးပေးထားပါတယ်”

မေး - အမှုသွားအမှုလာအရ ဒီအမှုက ကြာနိုင်လား။

ဖြေ - ကျနော်တို့ မဟာဗျူဟာ စီမံကိန်းအရ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်နဲ့သွားတာ။ သက်သေ စုစုပေါင်း ၂၆ ယောက်ပြထားတယ်။ ၂၆ ယောက်ပြထားပေမယ့် ကျနော်တို့က ဥပဒေအရာရှိတွေ ရဲတပ်ဖွဲ့တွေနဲ့ တရားစွဲအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့ အမြန်ဆုံး ဘယ်အမှု မဆို မှုခင်းတွေကို ဘယ်နေ့ဘယ်ရက်ကို ပြီးပြတ်အောင် စိစစ်ဆောင်ရွက်သွားမယ်ဆိုတဲ့ စီမံချက်ကို ကျနော်တို့က စမ်းသပ်နေတဲ့ ရုံးဖြစ်တဲ့အတွက် မကြန့်ကြာပါဘူး။ သူရှေ့နေငှားပြီးရင် သူ့ရှေ့နေနဲ့ တိုင်ပင်ပြီးတော့ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ပြီး ဘယ်နေ့ဘယ်ရက် ပြီးပြတ်အောင် စစ်မယ်ဆိုတာရှိပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013