DVB Logo
Home
မြန်မာသတင်း
Wisdom Hill ကျောင်းအမှုနှင့်ပတ်သက်၍ ယာဉ်မောင်းအမျိုးသားကို ဖမ်းဆီးတရားစွဲ
DVB
·
July 4, 2019
Wisdom Hill ကျောင်းအမှုနှင့်ပတ်သက်၍ ယာဉ်မောင်းအမျိုးသားကို ဖမ်းဆီးတရားစွဲ
Donate to DVB

နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလကကျောင်းမှာ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် တဦး မဖွယ်မရာပြုကျင့်ခံခဲ့ရမှုနဲ့ ပတ်သက်လို့ ယာဉ်မောင်းအမျိုးသားတဦးကို ရဲတပ်ဖွဲ့က  ဒီကနေ့ ဇူလိုင် ၄ ရက်မှာ ဖမ်းဆီးတရားစွဲလိုက်ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိခရိုင်တရားရုံးမှာ ယာဉ်မောင်းဖြစ်သူကို ပုဒ်မ ၃၇၆ နဲ့ စတင်တရားစွဲဆို ရမန်ယူပြီး အကျဉ်းထောင်ကို ပို့ဆောင် လိုက်ပြီလို့ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိခရိုင် ဒုတိယခရိုင် တရားသူကြီး ဦးညိုဌေး က ပြောပါတယ်။

“တရားရုံးကို ဒီနေ့ရောက်တာပါ။ တရားခံကို အမှုအကျဉ်းချုပ်ကို ရှင်းပြလိုက်ပါတယ်။ ရှင်းပြပြီးတော့ ဒီအမှုနဲ့ ပတ်သက်ပြီး သူ့ခုခံရေး အပြည့်အ၀ရရှိအောင် အကျိုးဆောင်ငှားရမ်းရင် လည်း ငှားရမ်းနိုင်အောင်ဆိုပြီး ရုံးချိန်း ကို ၁၅ ရက်နေ့ ချိန်းပေးထားတာဖြစ်ပါတယ်”

ဖမ်းဆီးတရားစွဲခံရတဲ့သူဟာ အသက် ၃၀ အရွယ် ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးဖြစ်ပြီး ကျောင်းကြိုပို့ကားယာဉ်မောင်းသူ ဟုတ် မဟုတ်နဲ့ သံသယရှိသူအဖြစ် ဖမ်းဆီး စစ်ဆေးခံရပြီး အပြစ်မရှိလို့ပြန်လွတ်လာတဲ့ ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း ဟုတ်မဟုတ် ကိုတော့ အမှုကို မစစ်ဆေးရသေးတဲ့အတွက် မသိရသေးဘူးလို့ ဆိုပါတယ်။

“ဒါကတော့ စစ်ဆေးလာရင် အဖြေပေါ်ပါလိမ့်မယ်။ သူ့တင်ပြစရာတင်ပြခိုင်းတော့ ဘာမှ တော့ မတင်ပြလာသေးဘူး။ မတင်ပြလာသေးတော့ ကျနော်တို့က အမှုစစ်တွေလည်း မစစ်ရသေး တော့ သူ့အရင်က ဖမ်းဖူးသလား၊ မဖမ်းဖူးဘူးလားတော့ အမှုမှန်မပေါ်ပေါက်သေးတော့ မဖြေပြ တတ်သေးတာပါ။ အမှုက စစ်ဆေးမကြည့်ရသေးတော့ သူ့ရဲ့Biography ပိုင်းက ကောင်းကောင်း မသိရသေးဘူးပေါ့။ အခုတော့ ပုံသဏ္ဌာန်အမှန် အောင်ကျော်မျိုး ဟုတ်သလား၊ အဖနာမည် ဟုတ်သလား၊ သူ့ကို စွဲဆိုထားတဲ့ အမှုအကျဉ်းချုပ်ကလေးပဲ ရှင်းပြလို့ ရသေးတယ်။ သူ့ကို မှန်တယ် မှားတယ်ဆိုတာလည်းပဲ ဒီတရားလိုနဲ့ တရားပြသက်သေတွေကို စစ်ပြမယ်၊ စစ်ပြရင် မှန် မှား ရှေ့နေတွေနဲ့ ခုခံကာကွယ်ပေးပါ။ ပြောချင်တာ ပြောခွင့် အပြည့်အ၀ပေးမယ်ဆိုပြီး အခွင့်အရေးပေးထားပါတယ်”လို့ ဒက္ခိဏသီရိခရိုင် ဒုတိယခရိုင် တရားသူကြီး ဦးညိုဌေးက ပြောပါတယ်။ 

နေပြည်တော်ရှိ Wisdom Hill ကျောင်းမှာ မေလ ၁၇ ရက်က အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တဦး လိင်အကြမ်းဖက်ခံရမှု ဖြစ်ပွားခဲ့ပြီး ဇဗ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ အမှုဖွင့်ခဲ့တာပါ။

အခုလို နယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးနေရာကနေ ဇွန်လ ၃ ရက်နေ့မှာတော့  အမှုကို မှုခင်းရဲတပ်ဖွဲ့ CID က လွှဲပြောင်းရယူကိုင်တွယ်နေပါတယ်။

ဒီအမှုကိစ္စ အချိန်တလကျော်ကြာတဲ့အထိ သက်ဆိုင်ရာက အရေးမယူနိုင်သေးလို့ လူမှု ကွန်ရက်နဲ့ အများပြည်သူကြားမှာ ဝေဖန်မှုတွေ အရှိန်မြင့်တက်လာတဲ့အတွက် နိုင်ငံအကြီးအကဲ တွေကလည်း “ဒီအမှု မပေါ်ပေါ်အောင်ဖော်ပါ”လို့ နှုတ်နဲ့ မှာကြားထား​ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ထုတ်ဖော်ပြောကြားထားပါတယ်။ 

အဲ့ဒီအမှုဖြစ်စဉ်နဲ့ ပတ်သက်တဲ့ Wisdom Hill မူကြိုကျောင်းဟာလည်း ကျောင်းဖွင့်ဖို့ ခွင့်ပြုမိန့်မကျသေးတဲ့အတွက် ပိတ်ထားဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အစိုးရက ညွှန်ကြားထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013