DVB Logo
Home
မြန်မာသတင်း
တပ်သိမ်းမြေပြန်လည်ရရှိရေး ဒီးမော့ဆိုတွင် တောင်သူများအသံတိတ်ဆန္ဒပြ
DVB
·
July 4, 2019
တပ်သိမ်းမြေပြန်လည်ရရှိရေး ဒီးမော့ဆိုတွင် တောင်သူများအသံတိတ်ဆန္ဒပြ
1 / 3
Donate to DVB

တပ်မတော်ကသိမ်းယူထားတဲ့မြေတွေကို ပြန်လည်ပေးအပ်ဖို့နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားတဲ့ တောင်သူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ဒေသခံ တောင်သူတွေ အသံတိတ် ဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲကို ဒီးမော့ဆိုမြို့နယ် ဒီးမော့ဆိုဈေးကုန်း လမ်းခွနဲ့ ငွေတောင်ဆည် ၂ နေရာ တောင်သူပေါင်း ၅၀ ခန့် အသံတိတ်ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြဦးဆောင်သူ ခွန်းယောဟန်က ပြောပါတယ်။

“အဓိက ကျနော်တို့တောင်းဆိုတာကတော့ တောင်သူကို ဖမ်းဆီးထားတဲ့ဟာကို ပြန်လွှတ် ပေးဖို့၊ တပ်မတော်က သိမ်းဆည်းထားတဲ့ တောင်သူမြေတွေကို ပြန်လည်ပေးဖို့ နောက်သိမ်းဆည်းထားတဲ့ မြေတွေကို အမြန်ဆုံးပြန်လည်ဖြေရှင်းပေးဖို့ အခုပြဿနာဖြစ်နေတဲ့ အတွက်ကြောင့် အမြန်ဆုံးပြန်လည်ဖြေရှင်းပေးဖို့ဆိုတဲ့ သုံးချက်နဲ့ကျနော်တို့ တောင်းဆို နေတယ်ပေါ့။”

ဒီဆန္ဒပြပွဲကို လက်ရှိ မြေယာပြဿနာနဲ့ ရင်ဆိုင်နေရတဲ့  လွိုင်ကော်မြို့နယ် ဒေါမူကလား ကျေးရွာနဲ့ ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုရှေ့ကျေးရွာက တောင်သူတွေပါဝင်ဆန္ဒပြခဲ့ကြတာပါ။

ကယားပြည်နယ်ထဲက မြေယာပြဿနာဖြစ်နေတဲ့ ကျေးရွာတွေက ရပ်မိရပ်ဖတွေကလည်း ဇွန်လ ၂၆ ရက်စွဲနဲ့ အရှေ့ပိုင်းတိုင်း တိုင်းမှူးနဲ့ ဒကစမှူးထံ လိပ်မူပြီး တောင်သူတွေအပေါ် အမှုဖွင့်တိုင်ကြားမှုနဲ့ တရားစွဲဆိုမှုကို သက်ညှာပေးဖို့နဲ့ အဲဒီမြေနေရာတွေမှာ တောင်သူတွေ ပြန်လည်လုပ်ကိုင် ခွင့်ပြုဖို့ တင်ပြတောင်းဆိုထားပါတယ်။

ဒီတောင်းဆိုချက်အတိုင်း ဆက်လက်ဆောင်ရွက်ပေးဖို့လည်း ကယားပြည်နယ်ဒီမိုကရက် ပါတီက ထပ်ဆင့်တောင်းဆိုထားပါတယ်။

ကိုယ်မပိုင်တဲ့ သိမ်းဆည်းလယ်ယာမြေတွေကို ဖက်တွယ်မနေဘဲ မူလပိုင်ရှင်တွေထံ အမြန်ဆုံးပြန်ပေးအပ်ဖို့  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဇွန်လ ၂၈ ရက်က ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်မှာ ဒေသခံတောင်သူတွေနဲ့ တွေ့ဆုံစဉ် ပြောကြား ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013