DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 4, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၈၁၈၀၀ ပေါက်ဈေးရှိ ပါတယ်။

မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၇၈၀၀၀ ကနေ ၈၃၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ တအိတ်ကို ၁၂၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(ဟောင်း)က ပိဿာ ၆၀ ၀င်တအိတ်ကို ၈၈၃၀၀ ပေါက်ဈေး ရှိပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်)တစ်အိတ်ကို ၉၈၀၀၀ ကနေ ၉၉၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၁၀၇၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

ပဲထောပတ်

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲထောပတ်က ၅၆.၂၅ ပိဿာဝင်တအိတ်ကို ၉၂၈၀၀ ကနေ ၁၀၂၉၀၀ ပေါက်ဈေးရှိပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာ ပဲထောပတ်တအိတ်ကို ၉၁၀၀၀ ကနေ ၁၀၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ကျပ်ဈေး ကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၂၉၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

ပဲဇီးကွက်

မန္တလေးကုန်စည်ဒိုင်မှာ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင်တအိတ်ကို ၅၄၀၀၀ ကနေ ၅၅၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ကျပ်ဈေး ကျဆင်းသွားပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာ ပဲဇီးကွက်တအိတ်ကို ၅၃၇၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ၁၃၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

နှမ်းနက်စမုံ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်စမုံက ၄၅ ပိဿာဝင်တအိတ်ကို ၂၅၈၀၀၀ ကနေ ၂၆၂၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေး တက်လာပါတယ်။

အောင်လံကုန်စည်ဒိုင်မှာနှမ်းနက်စမုံတစ်အိတ်ကို ၂၃၅၀၀၀ ကနေ ၂၄၀၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင်မှာ ၂၂၀၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

နှမ်းညို

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိဿာဝင်တအိတ်ကို ၁၄၅၀၀၀ ကနေ ၁၅၀၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ကျပ်ဈေး ကျဆင်းသွားပါတယ်။

မုံရွာကုန်စည်ဒိုင်မှာ နှမ်းညိုတစ်အိတ်ကို ၁၄၇၀၀၀ ပေါက်ဈေးရှိပြီး ၄၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင်မှာ ၃၀၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013