DVB Logo
Home
မြန်မာသတင်း
မြောင်းမြ ရေရရှိရေးစီမံကိန်းများ ဒေသခံပြည်သူများထံ ပြန်လွှဲ
DVB
·
July 4, 2019
မြောင်းမြ ရေရရှိရေးစီမံကိန်းများ ဒေသခံပြည်သူများထံ ပြန်လွှဲ
Donate to DVB

မြောင်းမြမြို့နယ်ကျေးရွာ ၅ ရွာမှာ တည်ဆောက်ခဲ့တဲ့ ရေရရှိရေးစီမံကိန်းတွေကို ဒေသခံပြည်သူတွေဆီ ဇူလိုင် ၄ ရက်နေ့က ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနနဲ့ Lien Aid အဖွဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ပြည်သူလူထု စီမံခန့်ခွဲတဲ့ ရေရရှိရေး စီမံကိန်းလုပ်ငန်းတွေ လွှဲပြောင်းပေးအပ်ပွဲကို ဇူလိုင် ၄ ရက်နေ့က မြောင်းမြမြို့ မှာပြုလုပ်ခဲ့ပါတယ်။

ဒီစီမံကိန်းထဲမှာ မြောင်းမြမြို့နယ်ထဲက ဒဂုံမေ၊ ဓားမြချောင်း၊ ဂျောင်ရှည်၊ မဲကျော်နဲ့ ညောင်ချောင်းလေးကျေးရွာတွေထဲက ကျေးရွာ ၄ ရွာကို မြေသားရေလှောင်ကန် တည်ဆောက် ပေးခဲ့သလို ညောင်ချောင်းလေးကျေးရွာမှာ ဂါလန် ၁ သောင်းဆန့် အုတ်ရေလှောင်ကန်ကို စင်ကာပူအစိုးရက ငွေကြေးထောက်ပံ့မှုနဲ့ Lien Aidက တည်ဆောက်ပေးခဲ့တာပါ။

ဒါ့အပြင် အဲဒီကျေးရွာ ၅ ရွာထဲက ကျေးရွာ ၃ ရွာက စာသင်ကျောင်းအိမ်သာကိုလည်း တည်ဆောက်ပေးခဲ့ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ၂၀၃၀ အတွင်း ရေလုံလောက်စွာရရှိရေးအတွက် ရည်မှန်းချက် ထားရှိသလို အဲဒီရည်မှန်းချက်တွေအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေတာ ဖြစ်တယ်လို့ Lien Aid အဖွဲ့ ဥက္ကဋ္ဌ လောရန့်စ်လီရန် က ဆိုပါတယ်။

Lien Aid အဖွဲ့ဟာ ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြောင်းမြ၊ လပွတ္တာ၊ ဖျာပုံ၊ ဘိုကလေးနဲ့ ဒေးဒရဲမြို့နယ်တွေက ကျေးရွာတွေမှာ ပြည်သူလူထုစီမံခန့်ခွဲတဲ့ ရေရရှိရေး စီမံကိန်းတွေ ဆောင်ရွက်မယ်လို့ဆိုပါတယ်။

Lien Aid ဟာ ၂၀၁၇ ခုနှစ်မှာ အစိုးရနဲ့ MOUရေးထိုးခဲ့ပြီး ပထမအဆင့်အနေနဲ့ မြောင်းမြနဲ့ ဘိုကလေးမြို့နယ်တွေကို စတင်အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ 

ရေရရှိဖို့ တည်ဆောက်ရေး စီမံကိန်းတွေလုပ်တဲ့အခါ ကုန်ကျငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ဒေသခံပြည်သူက ထည့်ဝင်ရတာဖြစ်သလို Lien Aid အဖွဲ့က ၇၀ ရာခိုင်နှုန်းထည့်ဝင်ပြီး တည်ဆောက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013