DVB Logo
Home
မြန်မာသတင်း
မုံရွာဆန္ဒပြသံဃာများ ကြေးနီစီမံကိန်းဖျက်သိမ်းရေး သပိတ်စခန်းများနှင့် ပူးပေါင်း
DVB
·
November 27, 2012
မုံရွာဆန္ဒပြသံဃာများ ကြေးနီစီမံကိန်းဖျက်သိမ်းရေး သပိတ်စခန်းများနှင့် ပူးပေါင်း
1 / 3
Donate to DVB

မုံရွာမြို့ပေါ်မှာ မေတ္တာသုတ် ရွတ်ဆိုလှည့်လည်တဲ့ သံဃာအပါး ၂၀၀ ဟာ ဒေသခံအလှူရှင်တွေက ဆက်ကပ်တဲ့ဆွမ်းကို ဘုန်းပေးပြီးတဲ့နောက် မုံရွာမြို့တဖက်ကမ်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းရေး သပိတ်စခန်းတွေဆီကို သွားရောက်ပူးပေါင်းခဲ့ကြပါတယ်။

မနေ့ညပိုင်းက လှေတွေကို အစိုးရဘက်က တားမြစ်ပေမယ့် ပြန်လည်ခွင့်ပြုတာကြောင့် စက်လှေတွေနဲ့ တဖက်ကမ်းကိုကူးပြီး ပူးပေါင်းလိုက်နိုင်တာဖြစ်တယ်လို့ ဆန္ဒပြ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်နုက ပြောပါတယ်။

သပိတ်စခန်းလေးခုမှာ လူအင်အား ၁၀၀၀ ကျော်၊ သံဃာအင်အား ၂၀၀ ကျော်ရှိနေရာက အခုသံဃာတွေ ထပ်ပေါင်းတာဖြစ်ပါတယ်။

ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင်က မကြာသေးခင်ရက်ပိုင်းတုန်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်းရာ သဘောတူညီချက်ရခဲ့ပါတယ်။
ဒီသဘောတူညီချက် ရပြီးတဲ့နောက် မနေ့က ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားတွေ အရေးပေါ် သတင်းစာရှင်းလင်းပွဲခေါ်ယူပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းစစ်ဆေးနေစဉ်ကာလမှာ စီမံကိန်းလုပ်ငန်းတွေကို ရပ်နားထားဖို့ လိုတယ်လို့ သဘောထားထုတ်ဖော် ပြောဆိုထားပါတယ်။ Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013