DVB Logo
Home
မြန်မာသတင်း
လင်းခေးမြို့နယ်တွင် လျှပ်စစ်မီးခုံအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား 
DVB
·
July 4, 2019
လင်းခေးမြို့နယ်တွင် လျှပ်စစ်မီးခုံအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား 
1 / 5
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ပုန်းထုန်ကျေးရွာအုပ်စု၊ ဟွေဟေးကျေးရွာမှာ ယမန်နေ့က လျှပ်စစ်မီးခုံအပူလွန်ကဲပြီး မီးလောင်ရာက နေအိမ် ၁ လုံး ဆုံးရှုံးခဲ့ပါတယ်။ 

ဇူလိုင် ၃ ရက် ညနေ ၃ နာရီလောက်က မီးလောင်တဲ့သတင်းကို ကြားသိသိချင်း အကူအညီပေးဖို့ သွားရောက်ခဲ့ပေမယ့် ရောက်သွားတဲ့အချိန် တအိမ်လုံး ပြာကျနေပြီလို့ လင်းခေးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင် စိုင်းသိန်းဇော်ဦးက ပြောပါတယ်။ 

“မီးစလောင်တဲ့အချိန်အတိအကျတော့မသိဘူးခင်ဗျ။ ကျနော်တို့ဆီ အကြောင်းကြား လာတာတော့ ညနေ ၃ နာရီကျော်ပြီ။ ဖြစ်ဖြစ်ချင်း လိုက်သွားကြည့်တာ ဟိုရောက်တော့ ဘာမှမကျန်တော့ဘူး။ တအိမ်လုံးပြာကျသွားပြီ၊ အဲဒီအိမ်က သန်မာတဲ့သူတွေ အကုန်ခြံ သွားနေပြီး အိမ်မှာ အသက် ၇၀ ကျော် အဖိုးအို တယောက်ပဲကျန်တယ်။ နားကလည်း လေးပြီး မသန်မာတော့ ဘာမှမလုပ်နိုင်ဘူးတဲ့၊ အိမ်က ပျဉ်ခင်း၊ ထရံကာ သွပ်မိုးအိမ်ပါ။ ဘေးအိမ်ေ တွတော့ မကူးဘူး။ လူထိခိုက်ဒဏ်ရာရတာလည်း မရှိဘူး။  အိမ်ထဲက မိသားစု ၄ ယောက်လုံးအတွက် အခြေခံ လိုအပ်တဲ့ အိပ်ယာ၊ စောင်၊ ဆေးဝါး၊ လူသုံးပစ္စည်းတွေ အကူအ ညီပေးနိုင်ဖို့ ကျနော်တို့ တောင်ကြီးရုံးချုပ်ကို စာရင်းပို့ပြီး အကူအညီတောင်းထားပါတယ်။

လျှပ်စစ်မီးပလပ်ပေါက်ထိုးတဲ့ခုံနား ၀ိုင်ယာရှော့ဖြစ်ရာက စတင်လောင်ကျွမ်းတယ်လို့ ယူဆရတယ်လို့ဆိုပါတယ်။

ဟွေဟေးကျေးရွာဟာ နမ့်တိန်းချောင်းအရှေ့ဘက်မှာရှိပြီး မြို့ကနေသွားရင် ချောင်းကူး တံတားကနေတဆင့်သွားကြရတာပါ။ 

အဲဒီတံတားဟာ လူနဲ့ဆိုင်ကယ်သာသွားလို့ရပြီး ကားသွားလို့မရတာကြောင့် မီးသတ်ကားတွေလည်း မ၀င်နိုင်ဘဲ ခုလို တအိမ်လုံးလောင်သွားတာဖြစ်ပါတယ်။ 

အဆိုပါမီးလောင်မှုနဲ့ပတ်သက်ပြီး အသက် ၇၀ ကျော်အရွယ်  အိမ်ရှင် ဦးလုံးလီကို ရဲစခန်းက မီးပေါ့ဆမှုနဲ့ အမှုဖွင့်ထားပါတယ်။ 

ဓာတ်ပုံ-SaiTheinZawOo

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013