DVB Logo
Home
မြန်မာသတင်း
မအေးသောင်းပါဝင်သည့် နှလုံးသားထဲကပုဂံအဖွဲ့ ယူနက်စကိုအစည်းအဝေးကျင်းပနေသည့် အဇာဘိုင်ဂျန်နိုင်ငံသို့ ထွက်ခွာ (ဓာတ်ပုံ)
DVB
·
July 4, 2019
မအေးသောင်းပါဝင်သည့် နှလုံးသားထဲကပုဂံအဖွဲ့ ယူနက်စကိုအစည်းအဝေးကျင်းပနေသည့် အဇာဘိုင်ဂျန်နိုင်ငံသို့ ထွက်ခွာ (ဓာတ်ပုံ)
1 / 5
Donate to DVB

ပရိသတ်တွေက မအေးသောင်းလို့ ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီး အေးဝတ်ရည် သောင်းပါဝင်တဲ့ နှလုံးသားထဲကပုဂံအဖွဲ့ဟာ ယူနက်စကို အစည်းအဝေးကျင်းပနေတဲ့ အဇာဘိုင်ဂျန်နိုင်ငံကို ရန်ကုန်လေဆိပ်ကနေ ဒီကနေ့မနက်က ထွက်ခွာသွားပါတယ်။

၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ညီလာခံအစည်းအဝေးကို အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူ မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကတည်းက ကျင်းပနေတာဖြစ်ပြီး သူတို့အဖွဲ့က ကာတာလေ ကြောင်းလိုင်းနဲ့ ထွက်ခွာသွားခဲ့ကြတာ ဖြစ်ပါတယ်။

ယူနက်စကို အစည်းအဝေးမှာ ကမ္ဘာ့အမွေအနှစ်နေရာသစ်တွေ ရွေးချယ်ဆောင်ရွက်မှာဖြစ်ပြီး အစီအစဉ်အရ အာဖရိက၊ အာရပ်၊ အာရှ ပစိဖိတ်၊ ဥရောပ၊ မြောက်အမေရိက၊ လက်တင် အမေရိကနဲ့ ကာရစ်ဘီယန်ဒေသ စတဲ့နိုင်ငံအသီးသီးက သဘာဝအမွေအနှစ်၊ ယဉ်ကျေးမှုနှင့် သဘာဝပေါင်းစပ်အမွေအနှစ်၊ ယဉ်ကျေးမှုအမွေအနှစ် စတဲ့ အမွေအနှစ်နေရာတွေကို ဆုံးဖြတ်ရွေးချယ်ကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပုဂံယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေး အတွက် အဆိုပြုစာတွဲ (Nomination Dossier) ကို ၂၀၁၈ ဇန်နဝါရီလမှာ ကမ္ဘာ့ အမွေအနှစ် ကော်မတီကို တင်သွင်းထားတာဖြစ်ပါတယ်။

ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၀ ရက်အထိ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့ရှိ ဘာကူးကွန်ဗင်းရှင်း စင်တာမှာ ကျင်းပနေတဲ့ ကမ္ဘာ့အမွေအနှစ် ကော်မတီ အစည်းအဝေးမှာ ပုဂံယဉ်ကျေးမှု ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခြင်း  ပြု/မပြုကို အတည်ပြု ဆုံးဖြတ်ကြမှာလည်း ဖြစ်ပါတယ်။

(၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်နဲ့အဖွဲ့ တက်ရောက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013