DVB Logo
Home
Lead Story
ခပ်ဆွေးဆွေးစာသားတွေနဲ့ ထွက်ရှိလာသည့် လွှမ်းပိုင်သီချင်းသစ်-ကြည်ဖြူမယ်ဆိုရင်(ရုပ်သံ)
DVB
·
July 4, 2019
ခပ်ဆွေးဆွေးစာသားတွေနဲ့ ထွက်ရှိလာသည့် လွှမ်းပိုင်သီချင်းသစ်-ကြည်ဖြူမယ်ဆိုရင်(ရုပ်သံ)
Donate to DVB

     “ရင်ခုန်သံတွေ ဆိတ်သုဉ်းချိန်… ဒဏ်ရာတွေအလယ်မှာ တယောက်တည်းပဲ ကွယ်… ဒါတွေ မင်းမသိနိုင်ခဲ့… ငါငိုနေတယ် ရင်ထဲ… ဒါတွေ ဘယ်သူမြင်နိုင်မလဲ Baby … အိပ်မက်တွေပဲ”

     ဒါကတော့ အသစ်ထွက်ရှိလာတဲ့ ပရိသတ်ကြိုက် တေးသံရှင် လွှမ်းပိုင်နဲ့ ယောမင်း ဦးတို့ သီဆိုထားကြတဲ့ ကြည်ဖြူမယ်ဆိုရင် အမည်ရတဲ့ သီချင်းတပုဒ်ဖြစ်ပြီး လတ်တ လောမှာတော့ အွန်လိုင်းပေါ်မှာ ရေပန်းစားနေခဲ့တာပါ။

လွှမ်းပိုင်လို့ ကြားလိုက်တာနဲ့ ပရိသတ်တွေက မြန်ဆန်လွန်းတဲ့ ရက်ပ်ရွတ်သံ တွေနဲ့ သူ့သီချင်းတွေကို တွဲပြီး မြင်ယောင်မိကြမှာပါ။ ဒီသီချင်းထဲမှာတော့ အလွမ်းအဆွေး စာသားတွေနဲ့ ပုံစံတမျိုးနဲ့ ထူးခြားနေခဲ့တာကို ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

“သူငယ်ချင်းထက် ချစ်ခွင့်တွေမရှိပဲ… စိတ်ကူးမိတဲ့ ငါ့မှာသာ ရူးနေတယ်… ဘယ်လို ဖွင့်ပြောလိုက်ရမှာလဲ… နေနိုင်ပါတယ် ဒီအတိုင်းပဲ… ချစ်ခွင့်မရှိပေမယ့်… ငါအမြဲ တောင့်တလို့နေမိခဲ့… နင့်ရဲ့ အချစ်ကိုပဲ”

လွှမ်းပိုင်နဲ့ ယောမင်းဦးတို့ အတူရေးစပ်ထားတဲ့ ဒီသီချင်းကိုတော့ ဒါရိုက်တာ ဖြိုးမင်းမြတ်က ရိုက်ကူးပုံဖော်ပေးထားခဲ့တာပါ။

သူငယ်ချင်းတွေကြားက အဖြူရောင်သံယောဇဉ်စည်းကို ချိုးဖျက်လိုက်ပြီး ချစ်သူ တွေအဖြစ် နောက်တဆင့်တက်လှမ်းဖို့ မ၀ံ့ရဲတဲ့ ကောင်လေးတယောက်ရဲ့ သံယောဇဉ် တွေကို တေးသီချင်းစာသားတွေကတဆင့် မြင်တွေ့ရမယ့် ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူတို့ ၂ ယောက်နဲ့အတူ သရုပ်ဆောင် မင်းသမီး မေမြင့်မိုရ်က ပါဝင်သရုပ်ဆောင်ထားခဲ့ တာဖြစ်ပါတယ်။

“နင်သာကြည်ဖြူမယ်ဆို ငါဖွင့်ပြောလိုက်ချင်တယ်… ခင်မင်မှုတွေ ပျက်ကာ နင်မုန်းလို့ သွားမှာ… စိုးထိတ်မိနေတယ်… ဖြူစင်နေတာတွေကို ငါအရောင်ဆိုးမိနေတယ်… နင်ပြန်မချစ်မှာ လည်း ငါအရမ်းကြောက်မိတယ်… သူငယ်ချင်းလိုပဲ နေသွားရမလား… အော် ခက်တယ်”

လွှမ်းပိုင်ဟာ တကိုယ်တော် တေးအယ်လ်ဘမ်တွေ အနေနဲ့ ဂီတစာဆို လွှမ်းပိုင်၊ ဂီတဗေဒစတဲ့ အယ်လ်ဘမ်တွေ ထွက်ရှိထားခဲ့ပြီး ဂီတစာဆိုလွှမ်းပိုင်အယ်လ်ဘမ်က ရွှေ အက်ဖ်အမ်က ရွေးချယ်ချီးမြှင့်တဲ့ ၂၀၁၄ တနှစ်တာအရောင်းရဆုံးတေးအယ်လ်ဘမ်ဆု၊ ဂီတဗေဒအယ်လ်ဘမ်က စီးတီးအက်ဖ်အမ်က ရွေးချယ်တဲ့ ၂၀၁၇ ခုနှစ် တနှစ်တာ ရောင်းအား အကောင်းဆုံး အမျိုးသား တေးအယ်လ်ဘမ်ဆုတွေ ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါ တယ်။

သူ့ရဲ့ သီချင်းအမ်တီဗွီတွေ အများစုမှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ လွှမ်းပိုင်ရဲ့ တဖက်စာမျက်နှာမှာတော့ သရုပ်ဆောင်မှု အနုပညာကို ပရိသတ်တွေက မနှစ်က ရုံတင်ပြသခဲ့တဲ့ ကြွေ၊ ငါ့ကိုနမ်းတဲ့ မုန်တိုင်း၊ ကိုယ်စောင့်နတ်စတဲ့ ရုပ်ရှင်ကားတွေနဲ့ ပရိသတ်တွေက ရှုစားခဲ့ကြရတာပါ။

“ပြောဖို့အတွက်ကို အကြိမ်ကြိမ် ငါကြိုးစား… မပြောဖြစ်တဲ့ စကားလုံးများ… ငါသိမ်းထား … ဟုတ်ပါတယ်… ငါအရှုံးသမား… နင်နဲ့ ပတ်သက်ခဲ့ရင် ဘာရှိလဲ… မိုးရွာရင် နှာစေးတယ်… မင်းအတွက်မိုးပေးဖို့ ထီးတချောင်းပဲ ငါရှိတယ်”

     ကြည်ဖြူမယ်ဆိုရင်ဆိုတဲ့အတိုင်းပဲ သူငယ်ချင်းကောင်မလေးကို တဖက်သတ်ချစ်ရတဲ့ ကောင်လေးအဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်ထားခဲ့တဲ့ ဒီသီချင်းထဲမှာတော့ လွှမ်းပိုင်ရဲ့ သီဆိုမှုကိုရော သရုပ်ဆောင်မှုတွေကိုပါ ရှုစားကြရမှာပါ။

     သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် တင်ထားခဲ့တဲ့ ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလောမှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ် ရေ ၂ သိန်းခွဲကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013