DVB Logo
Home
မြန်မာသတင်း
ချင်းရိုင်းတွင် လူကုန်ကူးမှုဖြင့် မြန်မာနိုင်ငံသား ၁ ဦး ဖမ်းဆီးခံရ 
DVB
·
July 4, 2019
ချင်းရိုင်းတွင် လူကုန်ကူးမှုဖြင့် မြန်မာနိုင်ငံသား ၁ ဦး ဖမ်းဆီးခံရ 
1 / 3
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မဲ့လောဝ်းမြို့နယ်ထဲမှာ လူကုန်ကူးမှုနဲ့ မြန်မာနိုင်ငံသား ၁ ဦး ဖမ်းဆီးခံရတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ 

ချင်းမိုင်ခရိုင် ချင်းမိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လက ယာယီနယ်စပ်ဖြတ်လက်မှတ်နဲ့ နယ်ကျော်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေကို ဖမ်းဆီးရမိခဲ့ပြီး သူတို့ကို ခေါ်ဆောင် လာသူမှာ အသက် ၃၀ ရွယ်ရှိ စိုင်းမဟာဝမ်းဆိုသူ ဖြစ်ကြောင်း စစ်ဆေးသိရှိရတဲ့အပြင် စိုင်းမဟာဝမ်းမှာ နယ်စပ်ဂိတ်ကို အခေါက်ခေါက်အခါခါ ကူးသန်းနေသူ ဖြစ်တာကြောင့် ထိုင်းရဲတပ်ဖွဲ့က သူ့ကိုရှာဖွေစောင့်ကြည့်နေခဲ့ပါတယ်။ 

 ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာတော့  ရဲတွေက ချင်းရိုင်းခရိုင် မဲ့လောဝ်းမြို့နယ် ဒုန်မတ ရပ်ကွက်ရှိ နေအိမ်တအိမ်မှာ တည်းခိုနေသူ စိုင်းမဟာဝမ်းကို ၀င်ရောက်ဖမ်းဆီးခဲ့ပါတယ်။ 

ရဲတပ်ဖွဲ့က စိုင်းမဟာဝမ်းမှာ မြန်မာနိုင်ငံက အလုပ်သမားတွေကို အခကြေးငွေနဲ့ ထိုင်းနိုင်ငံ အတွင်းပိုင်းကို ခေါ်ဆောင်လာပြီး  နေရာအသီးသီးကို ခွဲမပို့ခင် သူတို့ကို လူခွဲပြီး ပုန်းအောင်းစေ ခဲ့တယ်လို့ ဆိုပါတယ်။ 

စိုင်းမဟာဝမ်းတော့ ရဲတပ်ဖွဲ့တွေရဲ့ စွပ်စွဲချက်ကို ငြင်းပယ်ထားပြီး လူတွေသယ်ဆောင်တဲ့ အလုပ်မလုပ်ရကြောင်း၊  သူ့ကားကို တလ ဘတ် ၁ သာင်း ၅ ထောင်အရစ်ကျနဲ့ ၀ယ်ယူထားပြီး ညီဖြစ်သူက မကြာခဏ ငှားရမ်းသွားတာဖြစ်ကြောင်း၊ ထိုင်း-မြန်မာ-လာအိုနယ်စပ်ကို အခေါက်ခေါက် အခါခါသွားရတာဟာ လာအိုနိုင်ငံ လုံဖရပန်းမှာရှိတဲ့ ဇနီးနဲ့မိသားစုကို သွားတွေ့ခြင်းသာဖြစ်ကြောင်း  ပြောပါတယ်။ 

ရဲတပ်ဖွဲ့ကသူ့ကို တရားမ၀င်သူတွေ ခေါ်ဆောင်လာပြီး အဖမ်းမခံရအောင် အကာအကွယ် ပေးမှု၊ နိုင်ငံတကာ လူကုန်ကူးမှုတွေနဲ့ အရေးယူသွားမယ်လို့ သတင်းမှာ ဖော်ပြသွား ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013