DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းပပျောက်ရေး  မြင်းခြံဒီဂရီကောလိပ်တွင် ဖဲကြိုးနက် ကမ်ပိန်းပြုလုပ်
DVB
·
July 4, 2019
သက်ငယ်မုဒိမ်းပပျောက်ရေး  မြင်းခြံဒီဂရီကောလိပ်တွင် ဖဲကြိုးနက် ကမ်ပိန်းပြုလုပ်
1 / 6
Donate to DVB

မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်း ပပျောက်ဖို့အတွက် ဖဲကြိုးနက် ကမ်ပိန်းလှုပ်ရှားမှုကို မန္တ​လေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနဲ့ မန္တ​လေးတိုင်းဒေသကြီး လူငယ်ကွန်ယက်၊ မြင်းခြံ လူငယ်ကွန်ယက်၊ကျောက်ပန်းတောင်း လူငယ်ကွန်ယက်တို့ ပူးပေါင်းကာ မြင်းခြံဒီဂရီကောလိပ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဇူလိုင် ၃ ရက်မှာ ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားမှာ တက်ရောက်လာသူတွေကို ဖဲကြိုးနက် ကမ်ပိန်းပြုလုပ်ခဲ့တာဖြစ်ပြီး Child Abuse ကလေးငယ်တွေအပေါ် စော်ကားမှုတွေလျော့ကျစေဖို့နဲ့ မြန်မာအမျိုးသမီးတွေရဲ့ တန်းတူ အခွင့်အရေးရဖို့အတွက် ဒီလှုပ်ရှားမှုကို ပြုလုပ်လာလို့ မန္တလေးတိုင်းဒေသကြီး လူငယ်ကွန်ယက်မှ ကိုဝေလွင်ဦးက ပြောပါတယ်။

"သက်ငယ်မုဒိမ်းက ခုဆိုရင် ကျနော်တို့ လူမှုဘဝထဲမှာ တဖြည်းဖြည်း ခြိမ်းခြောက် လာပြီ၊ ကျနော်တို့ရဲ့သားစဉ် မြေးဆက်တွေကို တဖြည်းဖြည်း ခြိမ်းခြောက်လာပြီ၊ အဲဒီအရာတွေက ကျနော်တို့ မသိကျိုးကျွန်ပြုလို့မရတော့ဘူး။ ဒါ့အတွက် ကျနော်တို့က သိလာတယ်။ သိလာတဲ့ အရာတွေကို ကျနော်တို့ အများသူငါပါ ပူးပေါင်းပါဝင်လာစေချင်တယ်။ ကျနော်တို့ တစုထဲ တဖွဲ့ထဲ လုပ်လို့မရဘူး။ တနိုင်ငံလုံးပူးပေါင်းမှ သက်ငယ်မုဒိမ်းက ပပျောက်မယ်လို့ ကျနော်တို့ ယုံကြည်တဲ့အတွက် ခုလိုလုပ်ရခြင်းဖြစ်တယ်'' လို့ ကိုဝေလွင်ဦးက ပြောပါတယ်။

မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို မန္တ​လေးတိုင်း လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ မြင်းခြံဒီဂရီကောလိပ် ပါမောက္ခချုပ်နဲ့ ဆရာဆရာမတွေ၊ ကျောင်းသားကျောင်းသူ ၄၀၀ခန့် တက်ရောက်ခဲ့ကြပါတယ်။ 

သက်ငယ်မုဒိန်းမှုကျူးလွန်နေတာတွေကို သတိပြုမိလာစေဖို့အတွက် အခမ်းအနား တက်ရောက်လာသူတွေကို အနက်ရောင် ဖဲကြိုးလေးတွေ  ဝေပေးခဲ့ပါတယ်။

အခမ်းအနားမှာ အမျိုးသမီးများနေ့အကြောင်း၊ သက်ငယ်မုဒိမ်းပပျောက်ရေး ဟောပြောတာတွေ၊ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်ခြင်းနဲ့ ပတ်သက်တဲ့ ဟောပြောမှုတွေ၊ မျိုးဆက်ပွား ကျန်းမာရေး ဟောပြောအသိပညာပေး ပြုလုပ်ခဲ့တဲ့အပြင် Held Age အဖွဲ့က သက်ငယ်မုဒိမ်းနဲ့ ပတ်သက်တဲ့ အသိပညာပေး ပြဇာတ်ကပြခဲ့ပါတယ်။

သတင်း- ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013