DVB Logo
Home
Lead Story
အလန်းစားအကြမ်းစားရိုက်ချက်များဖြင့် မိုင်လေးဆိုင်းရပ်စ်သီချင်းသစ် - Mother’s Daughter (ရုပ်သံ)
DVB
·
July 4, 2019
အလန်းစားအကြမ်းစားရိုက်ချက်များဖြင့် မိုင်လေးဆိုင်းရပ်စ်သီချင်းသစ် - Mother’s Daughter (ရုပ်သံ)
Donate to DVB

     သီချင်းအမ်တီဗွီတပုဒ် ထွက်ရှိလာတိုင်း သတိထားစောင့်ကြည့်ခံရတဲ့ နာမည်ကြီး ပေါ့ပ်အဆိုတော် မိုင်လေးဆိုင်းရပ်စ်က ဒီတခါမှာလည်း ပရိသတ်တွေကို အံ့အားသင့်စေ ခဲ့ပြန်ပါတယ်။

     Mother’s Daughter လို့ အမည်ပေးထားတဲ့ ဒီသီချင်းဟာ သူ့ရဲ့ She’s Coming အမည်ရတဲ့ တေးအယ်လ်ဘမ်သစ်ထဲမှာ ပါဝင်တဲ့ သီချင်းတပုဒ်ဖြစ်ပြီး ထွက်ရှိပြီး နာရီ ပိုင်းအတွင်းမှာပဲ ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့တာပါ။

     အသက် ၂၆ နှစ်အရွယ် အမေရိကန်အဆိုတော် မိုင်လေးဟာ ဒီသီချင်းရုပ်သံထဲမှာ အနီရောင်တောက်တောက် သွားတွေပါတဲ့ မအင်္ဂါဇာတ်ပုံဝတ်စုံကို ဆန်းဆန်းပြားပြား ၀တ်ဆင်ပြီး သရုပ်ဆောင်ထားခဲ့တာပါ။

သူဟာ ဒစ္စနေးက ထုတ်လုပ်တဲ့ “Hannah Montana” ရုပ်သံဇာတ်လမ်းတွဲမှာ ဆယ်ကျော်သက် ကြယ်ပွင့်တယောက်အနေနဲ့ အနုပညာလမ်းကြောင်းပေါ် ရောက်ရှိလာခဲ့သူပါ။

အဲဒီနောက်မှာတော့ သူဟာ အနုပညာလမ်းကြောင်းပေါ်မှာ သီချင်းတွေသီဆိုတာ အပြင် ရုပ်ရှင်ကားတွေမှာပါ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်အချစ်တော် ဖြစ်လာခဲ့ပါ တယ်။

Meet Miley Cyrus (2007)၊ Breakout (2008)၊ Can't Be Tamed (2010)၊ Bangerz (2013)၊ Miley Cyrus & Her Dead Petz (2015)၊ Younger Now (2017)၊ She Is Miley Cyrus (2019) စတဲ့ တေးအယ်လ်ဘမ်တွေကို ထွက်ရှိခဲ့ပြီးဖြစ်တဲ့ သူ့အဖို့ She’s Coming ကတော့ နောက်ဆုံးထွက်ရှိလာတဲ့ တေးအယ်လ်ဘမ်သစ် ဖြစ်ပါတယ်။

ဂီတထူးချွန်ဆုတွေလည်း အများကြီး ရရှိထားခဲ့သူ မိုင်လေးဟာ နောက်ပိုင်းနှစ် တွေအတွင်းမှာ  မူးယစ်ဆေးကိစ္စ၊ လိင်စိတ်ကို နှိုးဆွတဲ့ အကနဲ့ အ၀တ်အစား ဖက်ရှင် အပြင်အဆင်တွေကြောင့် နာမည်ကြီးလာသူတဦးလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ သြစတြေးလျသရုပ်ဆောင်မင်းသား လီယမ်ဟမ်းစ် ၀ါ့သ်နဲ့ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ဇာတ်လမ်းကို တခန်းရပ်ပြီး လက်ထပ်ခဲ့ပါတယ်။

     အနုပညာမှာ အစွမ်းပြနိုင်သူ မိုင်လေးဟာ လူမှုရေးလုပ်ငန်းတွေမှာလည်း တက် ကြွပါဝင်သူတဦးဖြစ်ကာ The Happy Hippie အမည်နဲ့ ဖောင်ဒေးရှင်းတခုကို ၂၀၁၄ ခု နှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အိမ်ခြေယာမဲ့ လူငယ်တွေ၊ လိင်တူချစ် သူတွေနဲ့ တခြားလိုအပ်တဲ့ လူမှုရေးပြဿနာနဲ့ ရင်ဆိုင်နေရသူတွေကို ကူညီထောက်ပံ့ နိုင်ရေးအတွက် ရည်ရွယ်ခဲ့တာပါ။

     ခုထွက်ရှိလာတဲ့ Mother’s Daughter သီချင်းရုပ်သံထဲမှာတော့ သူ့ရဲ့ ပရိသတ် တွေကို ဘယ်လိုအံ့အားသင့်စရာတွေ ပေးထားခဲ့သလဲဆိုတာကို ရှုစားနိုင်မှာဖြစ်ပြီး ဒီသီ ချင်းရုပ်သံဟာ ယူကျုဘ်ပေါ်မှာတော့ ထွက်ရှိပြီး နာရီပိုင်းအတွင်းမှာတင် ကြည့်ရှုသူ ၆ သန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013