DVB Logo
Home
မြန်မာသတင်း
တင်ဒါခေါ်ယူရသည့် ဆောက်လုပ်ရေးလုပ်ငန်းများ အဂတိလိုက်စားမှု အများဆုံး ဖြစ်နေ
DVB
·
July 3, 2019
တင်ဒါခေါ်ယူရသည့် ဆောက်လုပ်ရေးလုပ်ငန်းများ အဂတိလိုက်စားမှု အများဆုံး ဖြစ်နေ
Donate to DVB

မြန်မာနိုင်ငံမှာ တင်ဒါခေါ်ယူရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အဂတိလိုက်စားမှု အများဆုံး ဖြစ်နေတယ်လို့ မြန်မာစီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB) က စွပ်စွဲပြောကြားလိုက်ပါတယ်။

အဂတိ ကင်းစင်ရေးအတွက် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ တာဝန်ယူမှု ရှိတဲ့ စီးပွားရေးဆိုင်ရာလိုက်နာ ကျင့်သုံးမှုများဆီသို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇူလိုင် ၂ ရက်က မော်လမြိုင်မှာ ပြုလုပ်တဲ့ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးပွဲမှာ MCRB အဖွဲ့ ဒါရိုက်တာ ဗစ်ကီဘိုမန်က ပြောဆိုခဲ့တာပါ။

ဒါအပြင် တိုင်းနဲ့ ပြည်နယ်တွေရဲ့ တင်ဒါခေါ်ယူ လုပ်ကိုင်နေတဲ့လုပ်ငန်းတွေမှာ ပွင့်လင်း မြင်သာမှု အားနည်းနေတာဟာ အဂတိလိုက်စားမှု ပိုမိုဖြစ်နိုင်အောင် တွန်းအားပေးနေတယ်လို့ လည်း ပြောပါတယ်။

မွန်ပြည်နယ် လွှတ်တော် စီမံကိန်း၊ဘဏ္ဍာရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူကတော့ အဂတိလိုက်စားမှု လျော့နည်းဖို့အတွက် တင်ဒါလုပ်ငန်းစဉ်တွေကို ပွင့်လင်းမြင်သာစွာလုပ်ဖို့လိုတယ်လို့ ပြောပါတယ်။

မွန်ပြည်နယ် ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး  ဦးနေဇော်အောင်ကတော့ လုပ်ထုံးလုပ်နည်းတွေအပြင် လုပ်ကိုင်ရမယ့် ဌာန ဆိုင်ရာ အဆင့်ဆင့်တွေများနေရင်လည်း အဂတိလိုက်စားမှုတွေ ရှိနေဦးမယ်လို့ ထောက်ပြ ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းတွေအရ မြန်မာနိုင်ငံဟာ အာဆီယံဒေသမှာ အဂတိလိုက်စားမှု အဆင့် ၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အဂတိလိုက်စားမှုညွှန်းကိန်းတွေအရ ၂၀၁၃ ခုနှစ်က ၁၅၇ အထိ ရှိခဲ့တဲ့ ညွှန်းကိန်းဟာ ၂၀၁၈ မှာတော့ ၁၃၂ အထိ လျော့ကျလာတာပါ။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013