DVB Logo
Home
မြန်မာသတင်း
ထိုင်းနယ်စပ်နေ ဒုက္ခသည် ၁၁၉ ဦး မြဝတီမြို့ကနေ ထပ်မံဝင်ရောက်လာ
DVB
·
July 3, 2019
ထိုင်းနယ်စပ်နေ ဒုက္ခသည် ၁၁၉ ဦး မြဝတီမြို့ကနေ ထပ်မံဝင်ရောက်လာ
Donate to DVB

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည် အိမ်ထောင်စု ၃၁ စု၊ လူဦးရေ ၁၁၉ ဦး ဒီကနေ့ ကရင်ပြည်နယ်  မြဝတီမြို့ကနေ ထပ်မံဝင်ရောက်လာပါတယ်။ 

နေရပ် ပြန်လည်ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကို မဲဆောက်- မြဝတီမြို့နယ်စပ် ကျောက်လုံးကြီးစခန်းမှာ မြဝတီခရိုင်မှူးက ဦးစီးပြီးကြိုဆိုခဲ့ပါတယ်။ 

လက်ရှိပြန်လာတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက်ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက မိသားစုအလိုက် ၁၀၀၀၀ ကျပ်၊ မိသားစု ၃ ဦးအထက်ကိုတော့ ၃၀၀၀၀၀ ကျပ်အထိ ကူညီပံ့ပိုးပေးသလို ဆန်ကိုလည်း တလစာထောက်ပံ့ပေးထားပါတယ်။ 

ဒါ့အပြင် တခြား အစိုးရဌာနတွေနဲ့ လူမှုအဖွဲ့တွေကလည်း ပြန်လည်ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကို ပံ့ပိုးကူညီပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ နှစ်ပေါင်းများစွာခိုလှုံနေတဲ့ သိန်းနဲ့ချီတဲ့ဒုက္ခသည်တွေထဲက ၃၀၀ ကျော်ဟာ နှစ်နိုင်ငံအစိုးရရဲ့ အစီအစဉ်နဲ့ အခုသီတင်းပတ်အတွင်း  မြန်မာနိုင်ငံကို ပြန်လည် ဝင်ရောက်လာနေတာဖြစ်ပါတယ်။ 

ပထမအသုတ်အဖြစ် ဇူလိုင်လ ၁ ရက်နေ့မှာ ကရင်ပြည်နယ် မြ၀တီမြို့ကနေ ၁၅၇ ဦး၊ ဇူလိုင် ၂ ရက်မှာ ကယားပြည်နယ် မယ်စဲမြို့ ဘီပီ ၁၃ ကနေ  ၃၂ ဦးနဲ့ ဒီကနေ့ မြဝတီမြို့ကနေ ၁၁၉ ဦး ပေါင်း ၃၀၈ ဦးပြန်လည်ဝင်ရောက်လာတာပါ။ 

အခုပြန်လည်ဝင်ရောက်လာသူတွေဟာ မိမိဆန္ဒအလျောက်ပြန်လာသူတွေဖြစ်ကြပြီး ဒါဟာ စတုတ္ထကြိမ်မြောက် ပြန်လည်ဝင်ရောက်လာမှုဖြစ်ပါတယ်။ 

မြန်မာ-ထိုင်းနယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုမှာ ပြည်တွင်းစစ်နဲ့ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ တိုင်းရင်းသားတွေ လူဦးရေ ၁ သိန်းနီးပါး ကျန်ရှိ နေသေးတယ်လို့ UNHCR တာဝန်ရှိသူကပြောပါတယ်။

ဖိုးစီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013