DVB Logo
Home
မြန်မာသတင်း
အပူပိုင်းမုန်တိုင်း ဗီယက်နမ် အထက်ပိုင်းဒေသများကို ဖြတ်ကျော်ဝင်ရောက်မည်
DVB
·
July 3, 2019
အပူပိုင်းမုန်တိုင်း ဗီယက်နမ် အထက်ပိုင်းဒေသများကို ဖြတ်ကျော်ဝင်ရောက်မည်
Donate to DVB

တုံကင်ပင်လယ်ကွေ့မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း “မန်” ဟာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရဲ့  အရှေ့တောင်ဘက် မိုင် ၁၇၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားကာ ဒီနေ့ညနေပိုင်း ဗီယက်နမ်နိုင်ငံ အထက်ပိုင်းဒေသတွေကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါတယ်။

ဇူလို ၄ ရက် မနက်အထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအောက်ပိုင်းမှာ နေရာကွက်ကျား၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းတွေကျရောက်ပြီး လှိုင်း အသင့်အတင့်က လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေဟာ တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့် ၆ ပေကနေ ၉ ပေခန့် ရှိနိုင်ပါတယ်။

နောက် ၂ ရက်မှာလည်း မုတ်သုံလေ အားကောင်းနေမယ်လို့ ခန့်မှန်းထားပါတယ်။

နေပြည်တော်၊ မန္တလေးမြို့တို့နဲ့ အနီးတ၀ိုက်တွေမှာ နေရာကွက်ကျားနဲ့ ရန်ကုန်မြို့နဲ့ အနီးတ၀ိုက်မှာ မိုး တကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမယ်လို့ ခန့်မှန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013