DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 3, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၈၁၈၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ်ဈေး တက်လာပါတယ်။ မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၈၀၀၀၀ ကနေ ၈၃၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ တအိတ်ကို ၁၂၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ပဲလွန်းဖြူ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက ပိဿာ ၆၀ ၀င်တအိတ်ကို ၆၄၈၀၀ ကနေ ၆၇၂၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲလွန်းဖြူတအိတ်ကို ၆၀၀၀၀ ကနေ ၆၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နှင့်မန္တလေးကုန်စည်ဒိုင်မှာ ၂၂၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

စားတော်ပဲလုံး

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စားတော်ပဲလုံးက ၅၉.၂၅ ပိဿာဝင်တအိတ်ကို ၇၄၀၀၀ ကနေ ၇၅၂၀၀ ပေါက်ဈေးရှိပြီး ၁၂၀၀ ကျပ်ဈေး တက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ စားတော်ပဲလုံးတအိတ်ကို ၆၈၀၀၀ ကနေ ၈၅၀၀၀ ပေါက်ဈေးရှိပြီး ၈၀၀၀ ကျပ်ဈေး တက်လာပါတယ်။ ရန်ကုန်နှင့်မန္တလေးကုန်စည်ဒိုင်မှာ ၉၈၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ

မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) က ပိဿာ ၆၀ ၀င်တအိတ်ကို ၉၈၀၀၀ ကနေ ၉၉၀၀၀ ပေါက်ဈေးရှိပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၉၉၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနှင့်အောင်လံကုန်စည်ဒိုင်မှာ ၁၀၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

ပဲကြီး

မန္တလေးကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅.၂၅ ပိဿာဝင်တအိတ်ကို ၇၅၀၀၀ ကနေ ၉၈၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲကြီးတအိတ်ကို ၉၀၀၀၀ ကနေ ၉၇၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေး တက်လာပါတယ်။ မန္တလေးနှင့်အောင်လံကုန်စည်ဒိုင်မှာ ၅၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

စားအုန်းဆီ

မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီ တစ်ပိဿာကို ၁၅၁၀ ကနေ ၁၅၂၀ ပေါက်ဈေးရှိပြီး ၁၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာစားအုန်းဆီတစ်ပိဿာကို ၁၅၇၀ ပေါက်ဈေး ရှိပြီး ၁၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။မန္တလေးနှင့်မြင်းခြံကုန်စည်ဒိုင်မှာ ၅၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။   

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013