DVB Logo
Home
မြန်မာသတင်း
Wisdom Hill ကျောင်းနှင့်ပတ်သက်၍ ကောလာဟလများ မဖြန့်ကြရန် ရဲတပ်ဖွဲ့ပန်ကြား
DVB
·
July 3, 2019
Wisdom Hill ကျောင်းနှင့်ပတ်သက်၍ ကောလာဟလများ မဖြန့်ကြရန် ရဲတပ်ဖွဲ့ပန်ကြား
Donate to DVB

လတ်တလောလူစိတ်ဝင်စားနေတဲ့ နေပြည်တော်က Wisdom Hill ကျောင်းဖြစ်စဉ်က စွပ်စွဲခံနေရသူတွေကို အမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်ဆိုတာ ကောလာဟလ သတင်းဖြစ်ပြီး  ဒီသတင်းကို မဖြန့်ဝေကြဖို့ အမြန်လမ်းရဲတပ်ဖွဲ့က တားမြစ်ပန်ကြားလိုက်ပါတယ်။

အဲဒီစွပ်စွဲခံရသူတွေကို ဇူလိုင် ၁ ရက်က နေပြည်တော်အမြန်လမ်းမှာ ဖမ်းမိတယ်ဆိုပြီး တရားဝင်သတင်းဌာနမဟုတ်တဲ့ ဝက်ဘ်ဆိုဒ်တချို့မှာဖော်ပြခဲ့လို့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကနေ လူတွေ ဝေမျှခဲ့ကြပါတယ်။ 

အဲဒီနေ့ နေ့လယ်ကနေ ဇူလိုင် ၂ ရက် ည ၁၀ နာရီအထိ အမြန်လမ်းမကြီးရဲတပ်ဖွဲ့က ဘယ်တရားခံပြေးကိုမှ တားဆီးလွှဲပြောင်းပေးခဲ့ရတာ မရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဒီနေ့မှာလည်း ရန်ကုန်-နေပြည်တော်အမြန်လမ်း မိုင်တိုင် ၇၁ နားမှာ မိုင်းကွဲ၊ ဗုံးတွေ့တယ်ဆိုတဲ့ ကောလာဟလ သတင်းတွေ ထပ်ဖြန့်ခဲ့ကြပါသေးတယ်။

ဒါဟာ ပြည်သူတွေကို သတင်းအမှားတွေနဲ့ စိတ်အနှောင့်အယှက်ဖြစ်စေပြီး အမြန်လမ်း တလျှောက်က အရေးကြီးဖြစ်စဉ်သတင်းတွေကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက အချိန်နဲ့ တပြေးညီ အသိပေး ဖော်ပြနေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် အမြန်လမ်းရဲတပ်ဖွဲ့အမည်ကို အလွဲသုံးစားလုပ်ပြီး ပြည်သူတွေဆီကို သတင်းအမှားတွေ၊ ကောလာဟလသတင်းတွေ လုပ်ကြံဖန်တီး ဖြန့်ဝေတာမလုပ်ဖို့ တားမြစ်ပန်ကြားလိုက်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013