DVB Logo
Home
မြန်မာသတင်း
သွေးပျက်ထိတ်လန့်စရာ၊ ရိုးရာဓလေ့တွေကြားက ဆွီဒင်ဒဏ္ဍာရီပွဲတော်အကြောင်းရုပ်ရှင်- Midsommer (နမူနာ)
DVB
·
July 3, 2019
သွေးပျက်ထိတ်လန့်စရာ၊ ရိုးရာဓလေ့တွေကြားက ဆွီဒင်ဒဏ္ဍာရီပွဲတော်အကြောင်းရုပ်ရှင်- Midsommer (နမူနာ)
Donate to DVB


ထူးထူးခြားခြား Drama Horror Mystery အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Midsommer ရုပ်ရှင်ကို လာမယ့် ဇူလိုင် ၃ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Ari Aster က ရိုက်ကူးပုံဖော်ပေး ထားတာဖြစ်ပြီး A24 ရုပ်ရှင်က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

Christian နဲ့ Dani တို့ဟာ အမေရိကန်က ချစ်သူစုံတွဲတတွဲဖြစ်ကြပြီး တရက်မှာတော့ သူငယ်ချင်းတွေနဲ့အတူ ဆွီဒင်နိုင်ငံ ကျေးလက်ဒေသတခုက ပွဲတော်တခုဆီ ခရီး ထွက်လာခဲ့ပြီးနောက်မှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ဇာတ်အိမ်တည်ရိုက်ကူးထားခဲ့တာပါ။ 

Midsommer Festival လို့ ခေါ်တဲ့ ဒီပွဲတော်က အဲဒီဒေသမှာတော့ နှစ်ပေါင်း ၉၀ မှာ တကြိမ် ထူးဆန်းတဲ့ ရိုးရာယုံကြည်မှုတွေနဲ့ ကျင်းပလေ့ရှိကြတာပါ။ 

မတူညီတဲ့ ၀န်းကျင်မှာ သူတို့သူငယ်ချင်းတစုဟာ ထင်မှတ်မထားတဲ့ ရှုပ်ထွေးတဲ့ ဓလေ့တွေ၊ သွေးပျက်ထိတ်လန့်စရာ အခြေအနေတွေ၊ အကြမ်းဖက်မှုတွေ၊ ပြဿနာတွေနဲ့ ရင်ဆိုင် ကြရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာတွေကို ဒီရုပ်ရှင်ကားထဲမှာ ပရိသတ်တွေက ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Florence Pugh ၊ Jack Reynor ၊ William Jackson Harper နဲ့ Will Poulter တို့က ခေါင်းဆောင်ပါဝင်ထားကြတာပါ။

ဒီကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြ ကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

ဒီရုပ်ရှင်ကားထဲမှာတော့ ထူးထူးခြားခြား အင်္ဂလိပ်နဲ့ ဆွီဒင်ဘာသာစကား ၂ မျိုးလုံးကို အသုံးပြုထားတာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် မိနစ် ၁၄၀ ရှိတဲ့ ဒီရုပ်ရှင်ကား Trailer ဟာ ယူကျု့ပေါ်မှာတော့ တလအတွင်း ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သန်းကျော် ရှိနေခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013