DVB Logo
Home
မြန်မာသတင်း
လပွတ္တာ ပင်လယ်လေးတံတားလုပ်ငန်းခွင်၌ မြစ်ထဲပြုတ်ကျသေဆုံးခဲ့သူ၏အလောင်း ပြန်တွေ့
DVB
·
July 3, 2019
လပွတ္တာ ပင်လယ်လေးတံတားလုပ်ငန်းခွင်၌ မြစ်ထဲပြုတ်ကျသေဆုံးခဲ့သူ၏အလောင်း ပြန်တွေ့
Donate to DVB

ဧရာဝတီတိုင်း၊ မြောင်းမြ-လပွတ္တာ ဆက်သွယ်ထားတဲ့ ပင်လယ်လေးတံတား လုပ်ငန်းခွင်မှာ ခြေချော်ပြီး မြစ်ထဲသို့ ပြုတ်ကျခဲ့တဲ့ အလုပ်သမားတဦးရဲ့ ရုပ်အလောင်းကို ဇူလိုင် ၂ ရက်မနက်က မြစ်အတွင်း ပြန်လည် တွေ့ရှိခဲ့ပါတယ်။

ဇွန်လ ၃၀ ရက် ညနေ ၄ နာရီလောက်က  ခြေချော်ပြီး မြစ်ထဲပြုတ်ကျခဲ့တဲ့ အလုပ်သမား ကိုဇော်မျိုးအောင်ဟာ ပြုတ်ကျပြီး မိနစ်အနည်းငယ်တွင် ရေပေါ် ပြန်ပေါ်လာခဲ့ကြောင်း၊ ပြန်ပေါ်လာစဉ် အနီးအနားရှိသူတွေက ကြိုးတွေ၊ ဘောကွင်းတွေ ပစ်ချကူညီခဲ့ပေမယ့် မြစ်ထဲကူးခတ်နေစဉ် ရေထဲ ပြန်လည်နစ်မြှုပ်သွားခဲ့တယ်လို့ မျက်မြင်သက်တွေက ပြောပါတယ်။

အသက် ၃၀ နှစ်အရွယ် ကိုဇော်မျိုးအောင်ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီး ကျေးရွာကနေ သံဘောင်တပ်ဆင်တဲ့လုပ်ငန်း လာရောက်လုပ်ကိုင်နေသူဖြစ်ပြီး ဇနီးနဲ့ သားသမီး တယောက်ရှိတယ်လို့ သိရပါတယ်။

တံတားပေါ်ကပြေုတ်ကျသွားတဲ့ ကိုဇော်မျိုးအောင်ကို တံတားဆောက်လုပ်ရေးအဖွဲ့က ဇက် ရေယာဉ် ၃ စီး၊ အနီး ကူးတို့လှေတွေ၊ ငါးဖမ်းလှေတွေနဲ့ ချက်ချင်းလိုက်လံရှာဖွေခဲ့ မေယ့်လည်း ပြန်လည်မတွေ့ရှိဘဲ ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်းမှ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာပါ။

လပွတ္တာ ပင်လယ်လေးမြစ်ကူးကြိုးတံတားဟာ ၂၀၁၈ နှစ်ကုန်ပိုင်းမှစတင်ကာ ပြင်ဆင်တဲ့ လုပ်ငန်းတွေ စတင်ပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် စတင်ဘာလကုန်မှာ အပြီး တည်ဆောက်မယ့် တံတားလည်းဖြစ်ပါတယ်။

သတင်း- ကျော်စိုးမိုး၊မင်းနိုင်၊

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013