DVB Logo
Home
Lead Story
ဓား၊ ပုဆိန်အသုံးပြု သွေးပျက်ဖွယ်ပြကွက်ဖြင့် Myanmar’s Got Talent မှာ Golden Buzzer ရသွားခဲ့သူ(ရုပ်သံ)
DVB
·
July 3, 2019
ဓား၊ ပုဆိန်အသုံးပြု သွေးပျက်ဖွယ်ပြကွက်ဖြင့် Myanmar’s Got Talent မှာ Golden Buzzer ရသွားခဲ့သူ(ရုပ်သံ)
Donate to DVB

     ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြသခဲ့တဲ့ ၂၀၁၉ ခုနှစ်ရဲက Myanmar’s Got Talent ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တဦးက ဓား၊ ပုဆိန်တွေကို အသုံးပြုပြီး သွေးပျက်ထိတ်လန့်စရာ ပြကွက်တွေနဲ့အတူ Golden Buzzer ရရှိသွားခဲ့ပါတယ်။

     အသက် ၂၅ နှစ်အရွယ် တောက်တောက်ကြော်ဟာ အရင်တုန်းက ပြိုင်ပွဲမှာ မီးနဲ့ အစွမ်းပြ ပြိုင်ပွဲဝင်ခဲ့ဖူးသူဖြစ်ပြီး ခုတခါမှာတော့ ၀က်သားခုတ်ဓားမ၊ ငါးခုတ်ဓားမ၊ နှစ် ဘက်သွား ပုဆိန်စတဲ့ အရာတွေနဲ့ အစွမ်းပြ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

     ၂၀၁၉ ခုနှစ်ရဲ့ Myanmar’s Got Talent ပြိုင်ပွဲမှာတော့ ဒိုင်တွေအဖြစ် ၀ါရင့်သရုပ် ဆောင်မင်းသမီး မို့မို့မြင့်အောင်၊ ဒါရိုက်တာ မောင်သီ၊ သရုပ်ဆောင်မင်းသမီး ခိုင် သင်းကြည်နဲ့ အစီအစဉ်တင်ဆက်သူ မောင်မောင်အေးတို့က အကဲဖြတ်အမှတ်ပေးကြ တာ ဖြစ်ပါတယ်။

     တောက်တောက်ကြော်ရဲ့ အစွမ်းပြမှုမှာတော့ ပင်ပေါင်ဘောလုံး ၃ လုံးကို လေထဲမှာ မြေပေါ်ပြန်မကျစေပဲ အစွမ်းပြသလို ဓား ၂ လက်နဲ့ ပုဆိန်ကို အသုံးပြုပြီး ပြသနိုင်ခဲ့တာပါ။

     အစွမ်းပြ လေ့ကျင့်မှု တကွက်ချင်းစီမှာ အသားတွေ ခုတ်ပြလိုက်၊ လေပေါ်မှာ ဓားတွေ၊ ပုဆိန်တွေကို ၀ဲမြှောက်ပြလိုက်နဲ့ ရှိနေတဲ့ ဒီအခြေအနေဟာ ဒိုင်တွေ အားလုံးကိုရော ကြည့်ရှုနေ ကြတဲ့ ပရိသတ်တွေကိုပါ အသည်းတယားယားနဲ့ ဖြစ်နေစေခဲ့ပါတယ်။

     အဲဒီနောက်မှာတော့ အားလုံးကိုဖမ်းစားနိုင်မယ့် ပြကွက်တခုကိုလည်း တောက်တောက် ကြော်က လုပ်ပြနိုင်ခဲ့တာပါ။ ဒါကတော့ ဓား ၂ လက်နဲ့ သူ့ရဲ့ဝမ်းဗိုက်ကို တိကနဲ မွှန်းချလိုက် တော့မယ့် သွင်ပြင်ဟာ ဘာများဖြစ်လာလိမ့်မလဲဆိုပြီး တကယ့်ကို အားလုံးကို အံ့အားသင့်နေစေ ခဲ့တာပါ။

     နောက်တကွက်မှာတော့ သူ့ရဲ့လျှာကို ဓား ၂ လက်ကြား ဖြတ်ချပစ်လိုက်တော့မယ့် အချိန်မှာတော့ အထိတ်တလန့်နဲ့ အော်ဟစ်လိုက်သံတွေ၊ မကြည့်ရဲတော့ပဲ မျက်နှာကို ဖုံးကွယ်လိုက်ကြတဲ့ ပုံတွေဟာ ဒီပြကွက်ရဲ့ အထွတ်အထိပ် ဖြစ်နေခဲ့ပါတယ်။

     အဲဒီနောက်မှာတော့ တောက်တောက်ကြော်က ဓား၂ လက်ကို ပစ်ချလိုက်ပြီး သူ့ရဲ့နှုတ်ခမ်း တခုလုံးကို အုပ်ထားခဲ့ချိန်မှာတော့ အားလုံးရဲ့ စိုးရိမ်စိတ်တွေ ထွက်ပေါ်လာကြပြီး ဒိုင်တဦးဖြစ်တဲ့ ခိုင်သင်းကြည်ဆီက အံ့အားတသင့်တဲ့ မေးလိုက်တဲ့ ပုံဟာလည်း ဖမ်းစားနိုင်မှုတခုပါပဲ။ ဒါပေမယ့် တောက်တောက်ကြော်က ရုတ်တရက် လက် ၂ ဖက်ကို ဖယ်ပစ်လိုက်ပြီး ဘာမှမဖြစ်သွားကြောင်း ပြလိုက်ချိန်မှာတော့ အားလုံးရဲ့ လက်ခုပ်သံ တွေကို သိမ်းကျုံးယူသွားနိုင်ခဲ့ပါတယ်။

ပြကွက်အဆုံးမှာတော့ ဒိုင်တွေထဲက တဦးဖြစ်တဲ့ မောင်မောင်အေးဆီက Golden Buzzer ကို ရရှိခဲ့ပြီး နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013