DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့လယ် ကုန်စိမ်းဈေး ဇူလိုင် ၁၃ ရက်နေ့ နောက်ဆုံးထား ပြောင်းပေးရမည်
DVB
·
July 3, 2019
မြိတ်မြို့လယ် ကုန်စိမ်းဈေး ဇူလိုင် ၁၃ ရက်နေ့ နောက်ဆုံးထား ပြောင်းပေးရမည်
1 / 4
Donate to DVB

တနင်္သာရီတိုင်း၊  မြိတ်မြို့လယ်ခေါင်မှာရှိနေတဲ့ ကုန်စိမ်းဈေးကို ဇူလိုင် ၁၃ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးရမယ်လို့ မြိတ်မြို့နယ်စည်ပင်က ပြောပါတယ်။

မြိတ်မြို့၊ ကန်ဖျားရပ်ကွက်က စာသင်ကျောင်းနဲ့ လူနေရပ်ကွက်များအကြားမှာ တည်ရှိနေတဲ့ ကုန်စိမ်းဈေးဟာ အနံ့သက်ဆိုးရွားတာ၊ ကားလမ်းပိတ်ဆို့တာ စာသင်ကျောင်းရှိ ကလေးတွေရဲ့ ကျန်းမာရေး ထိခိုက်လာနိုင်တာကြောင့် ရှမ်းချောင်းရပ်ကွက် ကုန်စိမ်းဈေးသစ်ကြီးကို အပြီးပြောင်းရွှေ့ဖို့ ထုတ်ပြန်ပေးထားတာလို့ မြိတ်ခရိုင်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးကြည်စိုးက ပြောပါတယ်။

လက်ရှိဈေးမှာ ရောင်းချနေတဲ့ ဆိုင်ခန်း ၁၂၃ ခန်းအပြင် အဆိုပြုထားတဲ့ ဆိုင်ခန်းတွေအတွက်ပါ အခန်းပေါင်း ၁၆၀ ကို နေရာချထားပေးပြီးပြီလို့ ဦးကြည်စိုးက ပြောပါတယ်။

“၁၄ ရက်နေ့ဆိုရင် ကန်ဖျားကုန်စိမ်းဈေးပိတ်ပါပြီ။ ရှမ်းချောင်းကုန်စိမ်းဈေးက ကားအ၀င်အထွက်လည်း အဆင်ပြေသလို ကားရပ်နားတဲ့နေရာ၊ အမှိုက်စွန့်ပစ်စနစ်၊ ရေသွယ်တန်းမှု၊ စတာတွေအားလုံး အဆင်သင့်လုပ်ပေးထားပြီးပါပြီ။”

ကန်ဖျားအလယ်တန်းကျောင်းအုပ်ဆရာကြီးဦစိုးတင့်က "ကုန်စိမ်းဈေး အနံ့အသက်တွေက မူကြိုကလေးတွေနေတဲ့ အခန်းကို နေ့စဉ်ဝင်ရောက်နေတယ်၊ ရေရှည်မှာ ကလေးတွေအတွက် ကျန်းမာရေး ထိခိုက်မယ်။ ပတ်ဝန်းကျင်မှာလည်း အနံ့သက်ဆိုးထွက်နေတဲ့ အတွက် နေရာလေးများရှိရင် ပြောင်းရွှေ့ပေးစေချင်တယ်။ တကယ်လို့ နေရာမရှိဘဲ သူတို့ကို အတင်း ပြောင်းခိုင်းရင်တမျိုးပေါ့။ အခုက ဈေးသစ်ကြီးကို အဆင့်မြင့်ဆောက်ပေးထားတယ်။ ဒါကြောင့် သဘောထားကြီးကြီးနဲ့ ပြောင်းရွှေ့ပေးဖို့ ပြောကြားချင်ပါတယ်'' လို့ ပြောပါတယ်။

ကန်ဖျားရပ်ကွက် ကုန်စိမ်းဈေးကနေ ပြောင်းရွှေ့မပေးလိုတဲ့ ဈေးသူ/သားတချို့က တော့ ဇူလိုင် ၂ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲပြုပြီး ကန့်ကွက်ခဲ့ကြပါတယ်။

ကန်ဖျားကုန်စိမ်းဈေးအတွင်း ၀င်ထွက်သွားလာနေတဲ့ ကားတွေကြောင့် လမ်းပိတ်ဆို့တာ၊ အနံ့သက်ဆိုးတွေ နေ့စဉ်ခံစားနေရတဲ့ ရပ်ကွက်နေပြည်သူတွေကတော့ ပြောင်းရွှေ့ပေးဖို့ လိုလားနေကြပါတယ်။

ဈေးသစ်ကြီး ဆောက်လုပ်ပေးထားပြီးဖြစ်တဲ့အတွက် ကုန်စိမ်းဈေးကို ဇူလိုင်လ ၁၃ ရက်နေ့ အပြီးပြောင်းရွှေ့ဖို့ သက်ဆိုင်ရာက ညွန်ကြားထားသလို ကြော်ငြာဘုတ်တွေလည်း ကပ်ထားပါတယ်။

သတင်းနှင့်ဓာတ်ပုံ - မြတ်ထွဋ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013