DVB Logo
Home
မြန်မာသတင်း
အိမ်အကူ မကရင်မ အသတ်ခံရသည့်အမှု ရုံးထုတ်စစ်ဆေး
DVB
·
July 2, 2019
အိမ်အကူ မကရင်မ အသတ်ခံရသည့်အမှု ရုံးထုတ်စစ်ဆေး
Donate to DVB

အိမ်အကူ မကရင်မ အသတ်ခံရတဲ့အမှုမှာ စွပ်စွဲခံရသူ မသိင်္ဂီစုကို ဇူလိုင် ၂ ရက်နေ့က ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။

ရုံးချိန်းမှာ စွပ်စွဲခံရသူဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေက မသိင်္ဂီစုကို စစ်မေးခဲ့ရာမှာ မသိင်္ဂီစုက မကရင်မကို အိမ်အကူအဖြစ်မငှားခင် တခြားအိမ်အကူတဦးကို တလခွဲလောက် ခေါ်ယူငှားခဲ့ဖူးတယ်လို့ ထွက်ဆိုခဲ့ပါတယ်။ 

အဲဒီလို ငှားရမ်းရာမှာ အိမ်အကူက ယောက်ျားနောက်လိုက်ပြေးခဲ့ပြီး ဖြစ်ခဲ့တဲ့အမှု ဖြစ်စဉ်တွေကို ရုံးတော်မှာ သက်သေနဲ့တကွ တင်ပြစစ်မေးတာတွေပြုလုပ်ခဲ့တဲ့အတွက် မကရင်မ နဲ့ ပတ်သက်လို့ ရုံးချိန်းမှာ တစုံတရာစစ်မေးနိုင်ခြင်းမရှိခဲ့ပါဘူး။

နောက်တပတ်ရုံးချိန်းကို အခု လာမယ့် ဇူလိုင်လ ၉ ရက်နေ့ ပြန်လည်စစ်မေးဖို့ ချိန်းဆိုခဲ့ ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ အင်းတိုင်သံချပ်ကာတပ်ရင်း အရာရှိရိပ်သာရှိ တပ်မတော်အရာရှိတဦးရဲ့ နေအိမ်မှာ မကရင်မဟာ အိမ်အကူလုပ်ကိုင်နေရာမှ ဒဏ်ရာတွေ ရရှိခဲ့ပြီး  သန်လျင်မြို့နယ်ရှိနေအိမ်မှာ သေဆုံးခဲ့တာပါ။

ဒီဖြစ်စဉ်မှာ သံသယရှိသူအဖြစ် တပ်မတော်အရာရှိကတော် ဒေါ်သိင်္ဂီစုကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ပုဒ်မ ၃၀၂ နဲ့ တရားစွဲဆိုထားတာပါ။

ချမ်းမြေ့မောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013