DVB Logo
Home
မြန်မာသတင်း
ကရင်နီဒုက္ခသည်စခန်းက  ၃၂ ဦး နေရပ် ပြန်လည်ဝင်ရောက်
DVB
·
July 2, 2019
ကရင်နီဒုက္ခသည်စခန်းက  ၃၂ ဦး နေရပ် ပြန်လည်ဝင်ရောက်
1 / 8
Donate to DVB

ထိုင်းနယ်စပ် မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီက္ခသည်စခန်းက ဒုက္ခသည် ၃၂ ဦး ကယားပြည်နယ် မယ်စဲ့မြို့နယ် နယ်စပ်ဂိတ်ကနေ ဒီနေ့ ဇွန်လိုင်လ ၂ ရက်နေ့က မြန်မာနိုင်ငံဘက်ကို  ပြန်လည်ဝင်ရောက်လာပါတယ်။ 

ပြန်လည်ဝင်ရောက်လာသူတွေကို ကြိုဆိုတဲ့အခမ်းအနားကို ဒီကနေ့ မွန်းတည့် ၁၂ နာရီအချိန်က မယ်စဲ့မြို့နယ် ထိုင်း-မြန်မာ နယ်စပ် ရှိ ဘီပီ ၁၃ ဂိတ်မှာ ကျင်းပခဲ့ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်အပါဝင် ပြည်နယ်အစိုးရ၀န်ကြီးတွေလည်း ပြန်လာသူတွေကို ကြိုဆိုခဲ့ပါတယ်။ 

ကယားပြည်နယ် နယ်စပ်ကနေတဆင့် ပြန်လည်ဝင်ရောက်လာသူတွေဟာ ကယားပြည်နယ် ဒေသခံ ၂၃ ဦးနဲ့ ရှမ်းပြည်နယ်ဒေသခံ ၉ ဦးတို့ပါဝင်ကြောင်းနဲ့ အစိုးအဖွဲ့ဝင်တွေကို အခြေခံ စားသောက်ကုန်နဲ့ ထောက်ပံ့ငွေ ပေးအပ်ခဲ့ပါတယ်။ 

ကယားပြည်နယ်အစိုးရအနေနဲ့ ထိုင်းနိုင်ငံနယ်စပ်ကနေ  မိမိသဘောဆန္ဒအရ ပြန်လည် ၀င်ရောက်လာတဲ့ ဒုက္ခသည်တွေကို ၂၀၁၈ ခု မေလမှာ ကြိမ်၊ ၂၀၁၉ ဖေဖော်ဝါရီလမှာ တကြိမ် နဲ့ အခုတကြိမ်ပေါင်း ၁၁၁ ဦးကို လက်ခံကြိုဆိုခဲ့ပြီး သူတို့သွားလိုတဲ့နေရာကို ပို့ဆောင်ပေးတာ အပြင် နိုင်ငံသားစိစစ်ရေးကတ်မှတ်ပုံတင်ထုတ်ပေးတာတွေ၊ ကျောင်းနေအရွယ်ကလေးငယ်တွေ ကျောင်းနေ နိုင်ရေး ဆောင်ရွက်ပေးခဲ့ပါတယ်။ 

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းများစွာခိုလှုံနေတဲ့ ဒုက္ခသည်တွေထဲက ၃၀၀ ကျော် အခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို  ပြန်လည်ဝင်ရောက်မယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ 

မနေ့ကလည်း မယ်လ၊ နိုဖိုးနဲ့ အုန်းဖျန်ဒုက္ခသည်စခန်းက ဒုက္ခသည် ၁၅၇ ဦးကို  ကရင်ပြည်နယ် မြ၀တီမြို့ရှိ ကျောက်လုံးကြီးစခန်းမှာ ပြန်လည် လက်ခံကြိုဆိုခဲ့ပြီး တာဝန်ရှိသူတွေက  လိုအပ်တာတွေပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013