DVB Logo
Home
မြန်မာသတင်း
ပဲကြီးလှော်၊ ငရုတ်သီးမှုန့်၊ ဇီးထုပ်၊ ငါးပိထောင်းနှင့် ခေါက်ဆွဲ အမှတ်တံဆိပ်အချို့ စားရန်မသင့် ကြေညာ
DVB
·
July 2, 2019
ပဲကြီးလှော်၊ ငရုတ်သီးမှုန့်၊ ဇီးထုပ်၊ ငါးပိထောင်းနှင့် ခေါက်ဆွဲ အမှတ်တံဆိပ်အချို့ စားရန်မသင့် ကြေညာ
1 / 12
Donate to DVB

ပဲကြီးလှော်၊ ငရုတ်သီးမှုန့်၊ ဇီးထုပ်၊ ငါးပိထောင်းနဲ့ ခေါက်ဆွဲအမှတ်တံဆိပ်တချို့မှာ အန္တရာယ်ဖြစ်စေတာတွေ ပါနေလို့ စားဖို့ မသင့်ဘူးလို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ဒီနေ့ ကြေညာပါတယ်။

ပဲကြီးလှော်၊ ငရုတ်သီးခွဲကြမ်းမှုန့်၊ ငရုတ်မှုန့်၊ အရောင်တင်မှုန့်၊ ငရုတ်ဆီ၊ ဇီးထုပ်၊ ငါးပိထောင်း၊ ခေါက်ဆွဲ၊ ဂျယ်လီ၊ ဇီးထန်းလျက်၊ ဂျင်းချဉ်၊ အားဖြည့်အချိုရည် တံဆိပ်ပေါင်း ၂၀ မှာ လူတွေကို အန္တရာယ်ဖြစ်စေတဲ့ ခွင့်မပြု ဆိုးဆေး၊ တာရှည်ခံဆေးနဲ့ မှိုတွေပါနေတယ်လို့ ထုတ်ပြန်လိုက်တာပါ။

ပဲကြီးလှော်ထဲမှာ Auramine O ဆိုတဲ့ ဆိုးဆေးပါနေပြီး အဲဒီဆိုးဆေးဟာ မျက်စိကို ပြင်းပြင်းထန်ထန်နီရဲယားယံစေပြီး အစာအိမ်အူလမ်းကြောင်းရောဂါတွေ ဖြစ်စေသလို ကင်ဆာအထိ ဖြစ်စေတတ်ပါတယ်။

ငရုတ်သီးခွဲကြမ်းမှုန့်၊ အရောင်တင်မှုန့်၊ ငရုတ်ဆီဆော့တချို့မှာ Sudan III ဆိုတဲ့ ဆိုးဆေးပါဝင်ပြီး အဲဒါကတော့ အဆီမှာပျော်ဝင်တဲ့ စားသောက်ကုန်မှာ ခွင့်မပြုတဲ့ဆိုးဆေးဖြစ်ပါ တယ်။

နောက်ထပ် အရောင်တင်မှုန့်နဲ့ ငရုတ်သီးမှုန့်တံဆိပ်တချို့မှာတော့ Aflatoxin B1 လို့ခေါ်တဲ့ ငရုတ်သီးမှာ တွေ့ရတဲ့မှိုတမျိုးဟာ သတ်မှတ်နှုန်းတဲ့ ပိုပြီး ပါနေတာပါ။

ဇီးထုပ်၊ ငရုတ်ဆီ၊ ဂျယ်လီ တံဆိပ်တချို့မှာတော့ ကြာရှည်ခံဆေး သတ်မှတ်တာထက် ပိုပါနေပြီး အဲဒီဆေးဟာ သတ်မှတ်ပမာဏထက်များနေရင် လည်ချောင်းယားယံချောင်းဆိုးစေ ပါတယ်။

ခေါက်ဆွဲခြောက်တမျိုးမှာ Borax ဆိုတဲ့ အဖြူရောင်ဆိုးဆေးသုံးထားပြီး အဲဒီဆိုးဆေးဟာ အဆိပ်သင့် ကင်ဆာဖြစ်စေပြီး  သားသမီးမရတာမျိုး ဖြစ်စေနိုင်ပါတယ်။

ငါးပိထောင်း၊ ဇီးထန်းလျက်နဲ့ ဇီးလုံးတွေမှာ အနီရောင်ဆိုးဆေး Rhodamine B ကို သုံးထားပြီး ဒါကတော့ ရောဂါရှာရာမှာ သုံးတဲ့ ဓာတ်ခွဲခန်းသုံး ဆိုးဆေးဖြစ်သလို ချည်၊ သားရေဋ္ဌ၊ ပိုးထည် စတာတွေကို ဆိုးတဲ့ဆေးဖြစ်တာကြောင့် စားမယ်ဆိုရင် ပျို့အန်တာ၊ အစာအိမ် အူလမ်းကြောင်းရောင်တာ၊ အာရုံကြော ထိုင်းမှိုင်းတာတွေ ဖြစ်စေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013