DVB Logo
Home
မြန်မာသတင်း
နာမည်ကျော် ရှိတ်စပီးယားပြဇာတ်တပုဒ်ကို အခြေတည်ရိုက်ကူးထားတဲ့ သမိုင်းဒရာမာ ရုပ်ရှင်- Ophelia (ရုပ်သံ)
DVB
·
July 2, 2019
နာမည်ကျော် ရှိတ်စပီးယားပြဇာတ်တပုဒ်ကို အခြေတည်ရိုက်ကူးထားတဲ့ သမိုင်းဒရာမာ ရုပ်ရှင်- Ophelia (ရုပ်သံ)
Donate to DVB


နာမည်ကျော် ရှိတ်စပီးယားပြဇာတ်တပုဒ်ကို အခြေတည်ရိုက်ကူးထားတဲ့ ရာဇ၀င် သမိုင်းဒရာမာ ရုပ်ရှင်ကားတကား ဖြစ်တဲ့ Ophelia ရုပ်ရှင်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက် နေ့ကတည်းက အမေရိကန်နိုင်ငံမှာ ရုံတင်ပြသနေပါတယ်။

  ဒီကားကိုတော့ သြစတြေးလျ အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Claire McCarthy က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ IFC Films က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

Ophelia ဆိုတာကတော့ ဗြိတိန်နာမည်ကျော် ပြဇာတ်စာရေးဆရာကြီး ရှိတ်စပီး ယားရဲ့ Hamlet ပြဇာတ်ထဲက ဇာတ်ကောင် မိန်းကလေး ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ နှစ် ပေါင်း ၄၀၀ ကျော်လောက်ကတည်းက ရေးသားခဲ့တဲ့ ရှိတ်စပီးယားရဲ့ ပြဇာတ်တွေဟာ ခုချိန်ထိတိုင်အောင် ကျော်ကြားနေဆဲဖြစ်ပြီး Romeo and Juliet, Julius Caesar စတဲ့ ပြဇာတ်တွေအပါအ၀င် Hamlet ဟာလည်း နာမည်ကြီးတဲ့ ပြဇာတ်တပုဒ်ဖြစ်ပါတယ်။ 

Hamlet ကတော့ ရှိတ်စပီးယားရဲ့ ပြဇာတ်တွေထဲမှာ အရှည်ဆုံးပြဇာတ်တပုဒ်ဖြစ်ပြီး ဒိန်းမတ်နန်းတွင်းရေး အရှုပ်တော်ပုံအကြောင်းကို ရေးဖွဲ့ဖန်တီးထားတာ ဖြစ်ပါတယ်။

 ပြဇာတ်ထဲမှာတော့ အဓိကဇာတ်ကောင် အိမ်ရှေ့မင်းသား Hamlet ရဲ့ ဖခင်ဘုရင်ကို ဦး လေးဖြစ်သူက လုပ်ကြံသတ်ဖြတ်ပြီး မိခင်ကိုပါ ရယူလိုက်ချိန်မှာ အခြေအနေတွေ ရှုပ် ထွေးလာခဲ့တာတွေကို ဇာတ်အိမ်တည်ထားခဲ့တာပါ။ 

ဒီကားထဲမှာတော့ ၀န်ကြီးချုပ်တ ပါးရဲ့ သမီးဖြစ်ပြီး မိတဆိုးဖြစ်တဲ့ ဖြူစင်ရိုးသားတဲ့ ကောင်မလေး၊ မင်းသား Hamlet ရဲ့ ကြင်ယာတော်ဖြစ်လာနိုင်ချေရှိတဲ့ Ophelia ရဲ့ အမြင်ဘက်ကနေ ချဉ်းကပ်ပြီး ရိုက်ကူးထားတာမို့ ဘယ်လိုပုံစံနဲ့ တင်ဆက်ထားမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင် ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

ဒီကားထဲက အဓိကဇာတ်ကောင် Ophelia နေရာမှာတော့  ဗြိတိန်သရုပ်ဆောင် မင်းသမီး Daisy Ridley က ခေါင်းဆောင်ပါဝင်ထားပြီး မင်းသမီး Naomi Watts ကတော့ မိဘုရားကြီး Gertrude အနေနဲ့ ပါဝင်ထားခဲ့တာပါ။  ဗြိတိန်သရုပ်ဆောင်မင်းသား George MacKay ကတော့ အိမ်ရှေ့မင်းသား Hamlet အဖြစ် သရုပ်ဆောင်ထားခဲ့ပြီး ၀ါရင့်သရုပ်ဆောင်မင်းသားကြီး Clive Owen ကတော့ ဗီလိန်ဇာတ်ကောင် Claudius အဖြစ် ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။

ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီလကတည်းက နာမည်ကြီးရုပ်ရှင်ပွဲတော်တခု ဖြစ်တဲ့ Sundance Film Festival မှာ ကနဦးပြသခဲ့တာဖြစ်ပြီး အခုနှစ်မှာမှ ရုံတင်ပြသခဲ့တာပါ။

ကြာမြင့်ချိန် ၁၀၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 6.7 အထိ ရရှိထားတဲ့ ဇာတ်ကား ကောင်းတကား ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013