DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 2, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၈၁၃၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၄၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ မတ်ပဲက အသစ်က တအိတ်ကို ၇၈၀၀၀ ကနေ ၈၃၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၁၇၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ပဲလွန်းပြာ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲလွန်းပြာက ၅၄.၂၅ ပိဿာဝင် တအိတ်ကို ၅၅၀၀၀ ကနေ ၅၈၀၀၀ ပေါက်ဈေးရှိပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၅၇၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၁၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ပဲဇီးကွက်

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင် တအိတ်ကို ၅၅၀၀၀ ကနေ ၅၆၀၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၅၄၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး နဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၂၀၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

နှမ်းဖြူ

မြင်းခြံကုန်စည်ဒိုင်မှာ နှမ်းဖြူက ၄၅ ပိဿာဝင် တအိတ်ကို ၁၅၇၅၀၀ ပေါက်ဈေးရှိပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၅၀၀၀၀ ကနေ ၁၆၀၅၀၀ ပေါက်ဈေးရှိပါတယ်။ မြင်းခြံ နဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၃၀၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

နှမ်းညို(သစ်)

မြင်းခြံကုန်စည်ဒိုင်မှာ နှမ်းညိုအသစ်က တအိတ်ကို ၁၃၇၂၅၀ ပေါက် ဈေးရှိပြီး မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၄၁၀၀၀ ပေါက်ဈေးရှိပါတယ်။ မြင်းခြံ နဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၃၇၅၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

စားအုန်းဆီ

မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီက တပိဿာကို ၁၅၀၀ ကနေ ၁၅၁၀ ပေါက်ဈေးရှိပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁၅၃၀က နေ၁၅၄၀ ပေါက်ဈေးရှိပြီး မန္တလေး နဲ့ မုံရွာကုန်စည်ဒိုင် တပိဿာကို ၃၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။   

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013