DVB Logo
Home
မြန်မာသတင်း
လွှတ်တော်အမတ်ကို ဖေ့စ်ဘွတ်ခ်ပေါ်ဝေဖန်ခဲ့သည့် ဦးအောင်ဆန်းဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်
DVB
·
July 2, 2019
လွှတ်တော်အမတ်ကို ဖေ့စ်ဘွတ်ခ်ပေါ်ဝေဖန်ခဲ့သည့် ဦးအောင်ဆန်းဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်
Donate to DVB

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးကို ဝေဖန်တိုက်ခိုက်တယ်ဆိုပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆/ဃနဲ့တရားစွဲခံထားရသူ တဦးကို  ပေါင်မြို့နယ်တရားရုံးက ဇူလိုင် ၁ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့ပါတယ်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ် မုတ္တမမြို့၊ ကော့စိုင်ရပ်ကွက်နေ Lar Htar Kay အကောင့် ပိုင်ရှင် ဦးအောင်ဆန်းဦး (ပြည်သူ့အကျိုးပြု တက်ကြွလှုပ်ရှားသူ)ဟာ ၂၀၁၇ ဇွန်လ ၂၈ ရက်နေ့က ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “အဆင့်အတန်းမရှိတဲ့ အရက်သမား အရူးဘုံမြောက်”ဆိုပြီး တိုက်ခိုက်ရေးသားခဲ့လို့ ပေါင်မြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက အခုလို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆/ဃနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

တရားစွဲဆိုခံထားရတဲ့ ဦးအောင်ဆန်းဦးက “ဆက်သွယ်ရေးပုဒ်မတခုနဲ့ဆွဲပြီး တရားခွင်ထဲ က ဖြေရှင်းရတဲ့အမှုတခုမှာ ၂နှစ်ကျော်ကြာသွားတဲ့အတွက် အချိန်ကာလအားဖြင့် အရမ်းများလွန်း ပြီး အခွင့်အရေးတွေဆုံးရှုံးတယ်လို့ သာမန်ပြည်သူ တယောက်အနေနဲ့ ကျနော်ပြောချင်တာက တော့ ပြည်သူရဲ့ဆန္ဒမဲနဲ့ နေရာရရှိခဲ့တဲ့ ကိုယ်စားလှယ်တယောက်ဟာ သာမန်ပြည်သူ တယောက် အပေါ်ကို ပြောဆိုခံရရုံနဲ့ ဝေဖန်သုံးသပ်ခြင်းမရှိဘဲ တရားစွဲဆိုတာကတော့ ဒီမိုကရေစီစနစ် မဆန်ဘူးလို့ဘဲ ကျနော်ပြောချင်ပါတယ်” လို့ဒီဗွီဘီကို ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ၂၀၁၇ ဒီဇင်ဘာလမှ တရားရုံးကစတင် ရုံးချိန်းခေါ်ယူစစ်ဆေးခဲ့ရာ ရုံးချိန်းပေါင်း ၆၀ ကျော်အပြီးမှာ ပေါင်မြို့နယ်တရားရုံးက ဦးအောင်ဆန်းဦးကို အလုပ်နဲ့ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013